Tuesday, October 2, 2012

တရုတ်နိုင်ငံတွင် ကလေးငယ် ၄၂ ဦး အစာအဆိပ်သင့်


တရုတ်နိုင်ငံ ကွေကျိုးပြည်နယ် အနောက်တောင်ပိုင်း တကန်ကျေးရွာရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ အဆိုပါ ကျောင်းမှ ကျောင်းသား ၄၂ ဦး အစာအဆိပ်သင့်ခဲ့ပြီး ၄င်းတို့အနက် တစ်ဦးသည် အရေးပေါ်ကုသမှုခံယူခဲ့သော်လည်း လွန်ခဲ့သည့် သီတင်းပတ်အတွင်းက သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းဌာနက စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။ အဆိုပါ မူလတန်းကျောင်းမှ ကလေးငယ်များသည် စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက နေ့လယ်စာ စားသောက်ပြီးနောက် အော့အန်ခြင်း၊ ၀မ်းသွားခြင်းနှင့် ကိုယ်ပူတက်သည့် ရောဂါလက္ခဏာများ ပြသခဲ့ကြောင်း သိရသည်။ အစာအဆိပ်သင့်သည့် အဆိုပါ ကလေးငယ်များအား ဆေးကုသမှုများ ပေးအပ်ရန်အတွက်  ဆေးဝန်ထမ်းများကို ယင်းဒေသသို့ စေလွှတ်ခဲ့ပြီး ကလေးငယ်များကို ကျိုးယီနှင့် ကျန်ကန်ခရိုင်ရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment