Monday, October 1, 2012

အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသမီးသီးသန့် မီးရထားလိုင်း စတင်ပြေးဆွဲတော့မည်


အင်ဒိုနီးရှားနိုင်ငံပိုင် ခရီးသည်တင် ရထားပို့ဆောင်ရေးကုမ္ပဏီ PTKAI Commuter Jabode tabek (PTKCJ)သည် အောက်တိုဘာ ၁ ရက်မှစ၍ အမျိုးမီး သီးသန့်စီးနင်းနိုင်သည့် ခရီးသည်တင် ရထားလိုင်း KRL အား စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီသည် အမျိုးသမီးသီးသန့် မီးရထားပို့ဆောင်ရေး အစီအစဉ်အား ၂၀၁၀ ပြည့်နှစ် သြဂုတ်လကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အမျိုးသမီးများ သီးသန့်စီးနင်းနိုင်သော မီးရထားတွင် လူစီးတွဲ ရှစ်တွဲပါဝင်မည်ဖြစ်ပြီး ဂျကာတာမြို့တော်မှ ဘိုဂေါမြို့ထိ ပြေးဆွဲမည်ဖြစ်သည်။ ထို့အပြင် မီးရထားပြေးဆွဲသည့် အကြိမ်အရေအတွက်ကိုလည်း ယခင်က (၅၃၁)ကြိမ်သာ ပြေးဆွဲခဲ့ရာမှ ယခုအခါ (၅၃၉)ကြိမ်အထိ တိုးမြှင့်ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ဈေးနှုန်းမှာ ပုံမှန်ပြေးဆွဲနေကျ ဈေးနှုန်းအတိုင်းပင်ဖြစ်ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment