Tuesday, October 23, 2012
အင်ဒိုနီးရှား ပါပူဝါပြည်နယ်၌ မိုးသည်းထန်ပြီး ရေလွှမ်း
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ပါပူဝါပြည်နယ်တွင် အောက်တိုဘာ ၂၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမှုကြောင့် နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် သက်သာလျော့ပါးရေးဌာနမှ အရာရှိတစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားသည်။ ပါပူဝါပြည်နယ်ရှိ တောင်ထူထပ်သော နေရာများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အီရန်အိုလီမြစ်အတွင်းသို့ ဦးတည်စီးဆင်းလာသော ရေများလျှံထွက်ကာ ပန်ဂျာခရိုင်အတွင်းရှိ အီရန်အိုလီကျေးရွာတွင် ယင်းနေ့ ဒေသစံတော်ချိန် ည ၉ နာရီခန့်က ရေလွှမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေလွှမ်းမှုကြောင့် အစိုးရအဆောက်အအုံများနှင့် နေအိမ် ၂၀၀ ကျော် ပျက်စီးခဲ့ကြောင်း၊ လူပေါင်း ၁၀၀၀ ကျော် ကုန်းမြင့်ဒေသများသို့ ထွက်ပြေးသွားခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။
khitlunge

No comments:
Post a Comment