Tuesday, October 23, 2012

၎င်းအား စိတ်ဝင်စားခဲ့ဖူးသည့် လန်ဒန် ကလပ်များကို လမ်းဖွင့် ပေးခဲ့သည့် ဝီလျံ


လန်ဒန်မြေသို့ ပြောင်းရွှေ့ကစားရန်ဆန္ဒရှိကြောင်းထုတ်ဖော်ဝန်ခံလိုက်ခြင်းဖြင့် တော့တင်ဟမ် ဟော့စပါးနှင့် ချယ်လ်ဆီးတို့အား ဝီလျံက လမ်းဖွင့် ပေးလိုက်သည်။
ယူကရိန်း ကလပ် ရှက်တာဒိုးနက်ခ်တွင် ကစားနေသော အသက်(၂၄)နှစ်ရှိ ဘရာဇီးလ် ကွင်းလယ်လူကို ချယ်လ်ဆီးရော၊ စပါး အသင်းကပါ ခေါ်ယူရန် ချိတ်ဆက် ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း ပေါင်စတာလင် (၁၇)သန်းဝန်းကျင် ကမ်းလှမ်းမှု အသီးသီးကို ရှက်တာအသင်းက ပယ်ချခဲ့သည့်နောက် နွေရာသီ ဈေးကွက်အတွင်း ဝီလျံသည် ယူကရိန်းလိဂ်ကို မစွန့်ခွာ ဖြစ်ခဲ့ချေ။ သို့သော်လည်း ကစားသမားက မိမိသည် လန်ဒန်သို့ ပြောင်းရွှေ့ရေး မျှော်လင့်ချက်ကို လက်မလျှော့သေးဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

၎င်းက "နွေရာသီတုန်းက ကမ်းလှမ်းမှု နှစ်ခု လက်ခံရရှိခဲ့ပါတယ်။ တစ်ခုက ချယ်လ်ဆီးက၊ တစ်ခုကတော့ စပါးဆီကပါ။ ဒီနှစ်သင်းကို ရွေးချယ်ရတာဟာ ခက်ခဲလွန်းပါတယ်။ ဘယ်ဟာက ဖြစ်သင့်တယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် ပြောချင်တာက စပါးဟာ ကြီးကျယ်တဲ့ ကလပ်အသင်း တစ်ခုဖြစ်ပြီး လူတော်တစ်ယောက်က မန်နေဂျာအဖြစ် တာဝန်ယူနေပါတယ်။ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က ချယ်လ်ဆီးကို ကိုင်နေကတည်းက ကျွန်တော့်ကို တကယ် လိုချင်ခဲ့သူ ဖြစ်သလို ကျွန်တော်နဲ့လည်း Message အဆက်အသွယ် ရှိနေပါတယ်။ သူဟာ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ပါ။ ချယ်လ်ဆီးကတော့ တကယ့်ကို ခမ်းနားတဲ့ အသင်းတစ်ခုဖြစ်ပြီး အံ့ဩစရာ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ လက်ရှိ ဥရောပ ချန်ပီယံလည်း ဖြစ်ပါတယ်။ ဒီကလပ် နှစ်ခုထဲက ဘယ်မှာဖြစ်ဖြစ် ကစားရရင် ကျွန်တော် တကယ် ပျော်ရွှင်မိမှာပါ"ဟု ဖွင့်ဟသွားသည်။ 
soccer myanmar

No comments:

Post a Comment