Friday, October 12, 2012

အရန်ခုံတွင် ထိုင်နေန် မိမိ စပါးသို့ ရောက်လာခြင်း မဟုတ်ဟု လောရစ်ပြောကြား

ပွဲထွက်ခွင့် အတွက် ရုန်းကန်နေရသည့် လောရစ်

အရန်ခုံတွင် ထိုင်နေရန် အတွက် တော့တင်ဟမ် ဟော့စပါးသို့ မိမိ ပြောင်းရွှေ့လာခြင်း မဟုတ်ကြောင်း ဟူဂိုလောရစ်က ပြောဆိုကာ ပွဲထွက် ဂိုးသမား နေရာအတွက် ဘရက်ဖရီဒယ်လ်ကို တိုက်ရိုက် စိန်ခေါ်လိုက်သည်။
အသက်(၄၁)နှစ်ရှိ အမေရိကန် ဂိုးသမားကြီး ဖရီဒယ်လ်မှာ စပါး၏ ပွဲထွက် ဂိုးသမား နေရာကို လွှမ်းမိုးထားသော်လည်း နွေရာသီတွင် အိုလံပစ် လိုင်ယွန်မှ ပြောင်းရွှေ့လာသည့်  အသက်(၂၅)နှစ် အရွယ် ပြင်သစ် လက်ရွေးစင်က အကောင်းဆုံး ပြိုင်ဆိုင်နိုင်ရန် အသင့် ရှိနေသည်။ ဖရီဒယ်လ်သည် ပရီးမီးယားလိဂ် အသင်းအချို့တွင် ပြောင်းရွှေ့ကစားပြီး ပရီးမီးယားလိဂ် ပွဲပေါင်း (၃၁၀)ဆက်တိုက် ပွဲထွက်ခွင့် ရခဲ့သော်လည်း အက်စ်တန်ဗီလာနှင့် ပွဲတွင်မူ လောရစ်အား ဦးစားပေး နေရာဖယ်ပေးကာ စံချိန်ပျက်ပြယ်သွားသည်။
လောရစ်က "ဘောလုံးပွဲ တစ်ပွဲမှာ ကစားသမားတိုင်း မြက်ခင်းပြင်ပေါ်မှာ ရှိနေချင်တာချည်းပါပဲ။ ကိစ္စတိုင်းက ရှင်းပါတယ်။ ကျွန်တော် စပါးကို အရန်ကစားသမား ဘဝအတွက် စာချုပ်ခဲ့တာ မဟုတ်ပါဘူး။ လူတိုင်းကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ ဒီကို ပွဲကစားဖို့ ကျွန်တော်လာတာပါ"ဟု ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ "ကျွန်တော်က အသင်းကို ပြဿနာ ရှာဖို့ ရောက်လာတယ် မထင်ပါနဲ့။ ဒါပေမဲ့ အသေအချာ ပြောပါမယ်။ ကျွန်တော့်မှာ ရပ်တည်မှု တစ်ခု ရှိပါတယ်။ ကျွန်တော်က ကစားသမားဘဝ ရှည်ကြာနိုင်စွမ်း ရှိသလောက် ပွဲတိုင်း ကစားဖို့ ရည်ရွယ်ထားတာပါ" ဟုလည်း ပြောဆိုသွားသည်။
Ref: Daily Mail
soccer myanmar

No comments:

Post a Comment