တရုတ်အနောက်မြောက်ပိုင်း၌ မီးလောင်မှုဖြစ်ပွား
တရုတ်နိုင်ငံ
အနောက်မြောက်ပိုင်း ရှန်စီပြည်နယ်တွင် အောက်တိုဘာ ၁၀ ရက်က ဆောက်လုပ်ရေး
လုပ်ငန်းခွင်တစ်နေရာ၌ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် ၁၂ ဦးသေဆုံးပြီး ၂၄
ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားသည်။ အဆိုပါ
မီးလောင်မှုသည် ရှန်စီပြည်နယ် ကျို့ကျီစီရင်စုရှိ ရေလမ်းကြောင်းလွဲ
ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအတွင်း အလုပ်သမားများ အိပ်ဆောင်နေရာ၌
ဒေသစံတော်ချိန် နံနက် ၅ နာရီခွဲက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းမီးလောင်ခံရမှုကြောင့် ဒဏ်ရာရရှိသူ ၂၂ ဦးမှာ ဆေးရုံ၌ အရေးပေါ်
ဆေးကုသမှုခံယူနေကြောင်း၊ နှစ်ဦးမှာ ဒဏ်ရာမပြင်းထန်သဖြင့်
ဆေးရုံမှဆင်းလာကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို
သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိသည်။
khitlunge
No comments:
Post a Comment