ဘာလော့တယ်လီအား ချီးကျူးခဲ့သည့် ပရင်ဒယ်လ်လီ
အီတလီ အသင်းသည် အဆိုပါ ပွဲစဉ်တွင်
မွန်တိုလီဗို၊ ဒီရော့စီ နှင့် ဘာလော့တယ်လီတို့၏ သွင်းဂိုးများဖြင့်
ဒိန်းမတ်အသင်းအား (၃-၁)ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ပွဲအစပိုင်းမှာ အခက်အခဲ
အချို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့အသင်းက ကျွန်တော်တို့ကို အကောင်းဆုံး
တုန့်ပြန် ကစားခဲ့ပါတယ်။ ကျွန်တော်တို့ လူ(၁၀)ယောက်ထဲနဲ့ အကောင်းဆုံး
အသင်းဖြစ်တယ် ဆိုတာကို ပြသနိုင်ခဲ့ပြီး စိတ်ဓာတ်ခွန်အား အပြည့်နဲ့
တိုက်ပွဲဝင်ခဲ့ပါတယ်”ဟု ပရင်ဒယ်လ်လီမှ သတင်းထောက်များအား ပြောကြားခဲ့သည်။
ပရင်ဒယ်လ်လီမှ ဆက်လက်၍ ယခုပွဲစဉ်၏
သွင်းဂိုးရှင်ဖြစ်သော ဘာလော့တယ်လီအား ပါရမီရှင် ကစားသမား ဖြစ်ပြီး
ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ရှိသူဟု ချီးကျူးပြောဆို ခဲ့သည်။
soccer weekly


No comments:
Post a Comment