Thursday, October 4, 2012

အသင်း၏ခြေစွမ်းကို စိတ်ပျက်နေသည့် အီဗရာဟီမိုဗစ်ခ်ျ

အသင်း၏ ခြေစွမ်းကို မကျေမနပ် ဖြစ်နေသည့် မိုဗစ်ခ်ျ
ပီအက်စ်ဂျီ အသင်း၏ တိုက်စစ်မှူး ဖြစ်သူ မိုဗစ်ခ်ျသည် ပေါ်တိုအသင်းအား (၁-၀)ဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မှ အသင်း၏ ခြေစွမ်းကို စိတ်ပျက်နေကြောင်း သိရသည်။
ပီအက်စ်ဂျီ အသင်းသည် အဆိုပါ ပွဲစဉ်တွင် ပေါ်တို ကစားသမား ရိုဒရီဂွတ်ဇ်၏ သွင်းဂိုးတစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကာ မိုဗစ်ခ်ျမှ အဆိုပါ ပွဲစဉ်တွင် ပြသခဲ့သည့် အသင်း၏ ခြေစွမ်းအပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
“ဒီရလာဒ်နဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်းကို မကျေမနပ်ဖြစ်မိပါတယ်။ ပုဂ္ဂိုလ်ရေးအရ ပြောရမယ်ဆိုရင် ကျွန်တော်ဟာ ခြားနားတဲ့ ရလာဒ်ထွက်ပေါ်လာဖို့ အသင်းဖော်တွေကို အကောင်းဆုံး ကူညီပေးခဲ့ပါတယ်”ဟု မိုဗစ်ခ်ျမှ ဖွင့်ဟ ပြောဆိုခဲ့သည်။
ပီအက်စ်ဂျီ အသင်းသည် အဆိုပါ ပွဲစဉ်၏ အရှုံးရလာဒ်ကြောင့် နှစ်ပွဲကစားပြီးချိန်တွင် ရမှတ် (၃)မှတ်သာ ရရှိခဲ့ပြီး ပေါ်တိုအသင်း၏ (၃)မှတ်ဖြတ်ထားခြင်းကို ခံခဲ့ရသည်။ 
soccer weekly

No comments:

Post a Comment