Friday, October 26, 2012

နိုင်ငံပိုင်မြေများ ရောင်းချမည့်အစီအစဉ် ပနားမားသမ္မတ စွန့်လွှတ်မည်


ဒေသခံပြည်သူများက သဘောမတူညီသည့်အတွက် ကိုလုံး အကောက်ခွန်လွတ် စီးပွားရေးဇုန်မှ နိုင်ငံပိုင်မြေများ ရောင်းချမည့် အစီအစဉ်ကို ပနားမားသမ္မတ ရီကာဒိုမာတီနယ်လီက စွန့်လွှတ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၂၄ ရက်က သိရသည်။ နိုင်ငံပိုင်မြေ ရောင်းချမည့်အစီအစဉ်ကို အကြောင်းပြု၍ ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ် ဖြစ်ကြရာ လူသုံးဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ပြည်တွင်း မီဒီယာများက ဖော်ပြသည်။ အောက်တိုဘာ ၁၉ ရက်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့သော မြေယာရောင်းချမှု အစီအစဉ်ကြောင့် အလုပ်အကိုင်များ ဆုံးရှုံး၍ ၀င်ငွေများ လျော့ပါးသွားမည်ဖြစ်ကြောင်း ဒေသခံပြည်သူ များက ပြောသည်။ နိုင်ငံပိုင် မြေများကို ရောင်းချခြင်းကြောင့် ဒေသတွင်း အကျိုးရှိမည်ဖြစ်ကြောင်း သမ္မတ မာတီနယ်လီက ပြောကြားခဲ့သည်။ သို့သော် ကိုလုံး ပြည်သူတို့က အကောက်ခွန်မဲ့ဇုန်မြေများ ရောင်းချခြင်းကို အလိုမရှိကြလျှင် အဆိုပါ အစီအစဉ်ကို ပြန်လည်ရုပ်သိမ်းမည်ဟု အောက်တိုဘာ ၂၃ ရက်နှောင်းပိုင်းတွင် ကြေညာ ခဲ့သည်။ ဒေသခံပြည်သူများ တောင်းဆို သကဲ့သို့ စီးပွားရေး တွက်ခြေကိုက်ငှားရမ်းမှုများ ပိုမို လုပ်ဆောင်မည်ဖြစ်ပြီး ငွေများကိုလည်းယင်းဒေသအတွင်း ပြန်လည်ရင်းနှီးမြှုပ်နှံသွားမည်ဟု 
 ပြောကြားခဲ့သည်
khitlunge

No comments:

Post a Comment