ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ မြေပုံမြို့နယ်များမှ ထွက်ပြေးလာသည့် ဘင်္ဂါလီ များကို မောင်တောတွင်လက် ခံထားမည်ဖြစ်ကြောင်း မောင်တောခရိုင် တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူဦးမြင့်သန်းက7dayNews
မောင်တောသတင်းထောက်သို့ပြောကြား သည်။
'' ဒီနေ့ပဲ မောင်တောင်မြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာမှာရောက်နေတဲ့ ဘင်္ဂါလီဦးရေ ၆၀၀၀ လောက်ကို လက်ခံဖို့ အဲဒီကိုသွားပါမယ်။ ထွက်ပြေးလာတဲ့ ဘင်္ဂါလီဦးရေအားလုံးပေါင်း ၃၀၀၀၀ လောက်ကို လက်ခံသွား မှာဖြစ်ပါတယ်'' ဟုဦးမြင့်သန်းကပြောသည်။

ရခိုင်ပြည်နယ်
မြို့နယ်အသီးသီးမှထွက်ပြေးလာသည့် ဘင်္ဂါလီများကို
မောင်တောတွင်လက်ခံထားမည်ဖြစ် သည့်အတွက် မောင်တောဒေသ ခံများ
စိုးရိမ်မကင်းဖြစ်
နေကြပြီး၊ အချို့မှာမောင်တောမြို့မှ
အခြားမြို့နယ်များသို့ ပြောင်းရွှေ့သွားခြင်း၊ ကျေးလက်ဒေသများတွင်
နေထိုင်သည့်တိုင်းရင်းသားများမှာ
မြို့ပေါ်သို့ရွှေ့ပြောင်းနေခြင်းများရှိလာကြောင်း သိရသည်။
7 DayNews

No comments:
Post a Comment