Friday, October 12, 2012

ပါကစ္စတန်အနောက်မြောက်ပိုင်း၌ ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရ


ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းရှိတာလီဘန်လူမျိုးစုများနေထိုင်ရာ အော်ရက်ဇိုင်းဒေသတွင် အောက်တို
ဘာ ၁၀ ရက် နံနက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး မြေမြှုပ်ဗုံးဖောက်ခွဲတိုက်ခိုက် ခံရမှုကြောင့် ရှစ်ဦးသေဆုံးပြီး အခြား ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဘတ်စ်ကားသည် တာလီဘန် လူမျိုးစုများ နေထိုင်ရာ အော်ရက်ဇိုင်းဒေသ မာရှီမီလာ နယ်မြေဧရိယာ အတွင်းရှိ လမ်းဘေး တစ်နေရာ၌ မြေမြှုပ်မိုင်း တစ်လုံးဖြင့် ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲက ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အချိန်တိုအတွင်း ယင်းနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာခဲ့ကြောင်း၊ ဒဏ်ရာရရှိသူအားလုံးကို အနီးရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
khitlunge

No comments:

Post a Comment