Saturday, October 6, 2012
ပတ္တမြား FM တတိယ နှစ်ပတ်လည် နှင့် ဆိုတေး၊ ဝိုင်းစု
ပတ္တမြား FM တတိယနှစ် ပတ်လည်အထိမ်းအမှတ် အဖြစ် ပတ္တမြား FM ကိုတစ်နှစ်ပတ်လုံး သီချင်း တောင်းဆိုကြသည့် ပရိသတ် အကြိုက်ဆုံး တေးသံရှင်များကိုရွေးချယ်ခဲ့ရာမှာ ဆိုတေးနှင့် ဝိုင်းစုခိုင်သိန်းတို့ဖြစ်ကြောင်း သိရ သည်။ ပတ္တမြား FM မှ တေးသံရှင် ဆိုတေးနှင့် ဝိုင်းစုတို့မှ ကိုယ်တိုင် ရွေးချယ်ပေးခဲ့သည့် သူတို့ရဲ့ပရိ သတ် အကြိုက်ဆုံးတေးသီချင်း အစီအစဉ်ကို The Best of audience choice အမည်ဖြင့် နှစ်ပတ်လည်နေ့ဖြစ်သော အောက်တို ဘာလ(၁)ရက်နေ့အပါ အဝင် အောက်တိုဘာလ တစ်လလုံးထုတ် လွှင့်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ နှစ်ပတ်လည်တိုင်း ထူး ထူးခြားခြားအစီအစဉ်များစွာကို ကြိုးစားစီစဉ်ထုတ်လွှင့်ခဲ့သလို အခုအောက်တိုဘာလ(၁)ရက် တတိယနှစ်ပတ်လည်နေ့တွင်လည်း အထူးအစီအစဉ်များဖြင့် ထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း၊ ပရိသတ်များ ကိုလည်း အမှတ်တရလက်ဆောင် များပေးအပ်ခဲ့ကြောင်းသိရှိရသည်။
8 Days Journal

No comments:
Post a Comment