Friday, November 30, 2012

နျူပစ္စည်းတွေ ကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက်လွှတ်တော် အမတ် စာရေးမေးမြန်း

(Image: RFA)
မြန်မာစစ်အစိုးရ၏ နေပြည်တော်တွင် မြောက်ကိုရီးယား ပညာရှင်များက မြေအောက် ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ပေးသော သတင်းကို QQ.com တရုတ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားပုံ ဖြစ်ပါသည်။

မြန်မာနိုင်ငံကိုတရားမ၀င်တင်ပို့မယ်လို့ယူဆရတဲ့ နူကလီယားအနုမြူအစီအစဉ်မှာသုံးစွဲနိုင်တဲ့ ပစ္စည်းတချို့ ကို ဂျပန်နိုင်ငံရောက် မြောက်ကိုရီးယား သင်္ဘောတစ်စီးပေါ် ကနေ တွေ့ရှိတဲ့ သတင်း ပေါ်ထွက်လာခဲ့ပြီး တဲ့ နောက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဆီးနိတ် အထက်လွှတ်တော်အမတ် တစ်ယောက်က သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသား မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံထုတ် Asahi Shinbun သတင်းစာက ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်မှာ -  ပြီးခဲ့တဲ့ သြဂုတ်လက တိုကျိုဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မြောက်ကိုရီးယားသင်္ဘောတစ်စီးပေါ်ကို အမေရိကန်အစိုးရရဲ့ မေတ္တာ ရပ်ခံချက်အရ ဂျပန်အာဏာပိုင်တွေက တက်ရောက်ရှာဖွေခဲ့ရာမှာ အနုမြူလုပ်ငန်းမှာ သုံးစွဲနိုင်တဲ့ သတ္တုချောင်း တွေ နဲ့ အဆင့်မြင့် အလူမီနီယံ သတ္တုပြားတွေတွေ့ရှိခဲ့ရကြောင်း၊ ဒီပစ္စည်းတွေကို တရုတ်ပြည်ကတဆင့် မြန်မာနိုင်ငံကို ပို့မယ်လို့ ယူဆရကြောင်း ဖေါ်ပြခဲ့ပါတယ်။
ဒီသတင်းထွက်ပေါ်လာခဲ့ပြီးတဲ့နောက် အမေရိကန်  ဆီးနိတ် အထက်လွှတ်တော် ရီပါဘလီကင် အမတ် ရစ်ချတ် လူဂါ က သမ္မတ ဦးသိန်းစိန် ဆီကို စာရေးသား မေးမြန်းခဲ့တာဖြစ်ပါတယ်။
မစ္စတာ ရစ်ချတ်လူဂါ ဟာ အမေရကိန်လွှတ်တော် အနုမြူမပျံ့ပွားရေး ဆိုင်ရာ လုပ်ငန်းမှာ သြဇာညောင်းတဲ့ အမတ်တစ်ဦးဖြစ်ပါတယ်။
RFA

No comments:

Post a Comment