Thursday, November 29, 2012

ဘိန်းစ်ကို ခေါ်ယူရန် ပြန်လည် အာရုံကျလာသည့် ဖာဂူဆန်


အက်ရှ်လေကိုးလ်အား ရရှိရန် မဖြစ်နိုင်ကြောင်း ဝန်ခံခဲ့သည့်နောက် ဆာအဲလက်စ် ဖာဂူဆန်၏ အာရုံသည် လေတန်ဘိန်းစ်ထံ ပြန်လည် ကျရောက်လာကြောင်း သိရှိရသည်။
ဘယ်နောက်ခံ ကစားသမား တစ်ဦးကို ပက်ထရစ် အီဗရာ နေရာတွင် အစားထိုးရန် ရည်ရွယ်ထားသော မန်ချက်စတာ ယူနိုက်တက် မန်နေဂျာကြီးသည် ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ကိုးလ်ကို ချိတ်ဆက်ခဲ့သေးသည်။ သို့သော်လည်း ကိုးလ်မှာ ပြင်သစ်ကလပ် PSGသို့သာ ပြောင်းရွှေ့ရန် အလားအလာ များနေသည့်နောက် တစ်ချိန်က ပစ်မှတ်ဟောင်း ဖြစ်ခဲ့သော အဲဗာတန် နောက်ခံလူ ဘိန်းစ်ကို ဖာဂူဆန်က ပြန်လည် ချိန်ရွယ်လာခဲ့ခြင်း ဖြစ်သည်။ ဖာဂူဆန်သည် နယ်သာလန် ကစားသမား အလက်ဇန္ဒား ဘတ္တနာကိုလည်း အဆိုပါ နေရာအတွက် ဝယ်ယူထားသည့်တိုင် ယင်းသည် မန်ယူတွင် ပွဲထွက်ရန် လုံလောက်သော အခြေအနေ မရှိသေးပေ။
Free Kick စပယ်ရှယ်လစ် တစ်ဦးဖြစ်သော ဘိန်းစ်ကို ဖာဂူဆန်က စိတ်ဝင်စားခဲ့ဖူးသော်လည်း အဆိုပါ အင်္ဂလန် လက်ရွေးစင် အတွက် အဲဗာတန်က ပေါင်စတာလင် (၁၅)သန်း ဈေးနှုန်း သတ်မှတ်ထားခြင်းကြောင့် ဝယ်ယူရန် ကိစ္စကို ဆိုင်းငံ့ထားခဲ့သည်။ သို့သော်လည်း ကိုးလ်ကိုပါ ရရှိနိုင်ခြေ မရှိတော့သည့်နောက် ဖာဂူဆန်သည် ဘယ်တောင်ပံ ခံစစ်ကို အားဖြည့်ရန်အတွက် ဘိန်းစ်ထံ ပြန်လည် မြားဦး လှည့်လာခြင်း ဖြစ်သည်။ ဖာဂူဆန်သည် QPRသို့ အငှားချထားသည့် ဘရာဇီးလ် ဘယ်နောက်ခံလူ ဖေဘီယို ဒါဆေးလ်ဗား၏ တိုးတက်မှုကိုလည်း စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရှိရသည်။
ကိုးလ်မှာ ပြင်သစ်ကလပ် PSGသို့သာ ပြောင်းရွှေ့ရန် အလားအလာ များနေသည့်နောက် တစ်ချိန်က ပစ်မှတ်ဟောင်း ဖြစ်ခဲ့သော အဲဗာတန် နောက်ခံလူ ဘိန်းစ်ကို ဖာဂူဆန်က ပြန်လည် ချိန်ရွယ်လာခဲ့...
Ref: Daily Mail
soccer myanmar

No comments:

Post a Comment