Thursday, November 1, 2012

ရာသီဥတုပူနွေးလာမှုကြောင့် ကမ္ဘာ့အဓိကစားနပ်ရိက္ခာ ငှက်ပျောဖြစ်လာနိုင်


ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်ကြောင့် ကမ္ဘာ့ပြည်သူ သန်းပေါင်းများစွာအတွက် အရေးကြီးသော စားနပ်ရိက္ခာ အရင်းအမြစ်သည် ငှက်ပျောဖြစ်လာနိုင်ကြောင်း စားနပ်ရိက္ခာ လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မတီတစ်ရပ်၏ အစီရင်ခံစာကို အကိုးအကားပြု၍ အောက်တိုဘာ ၃၁ ရက် သတင်းများတွင် ဖော်ပြသည်။ ကမ္ဘာပေါ်တွင် အရေးကြီးဆုံး စိုက်ပျိုးရေးထုတ်ကုန် ၂၂ မျိုးတို့အပေါ် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုများကို ကုလသမဂ္ဂကျွမ်းကျင်သူများက လေ့လာဆန်းစစ်ခဲ့ကြသည်။ ကယ်လိုရီပါဝင်မှု အများဆုံး ကောက်ပဲသီးနှံများဖြစ်သည့် ပြောင်း၊ ဆန်နှင့် ဂျုံ စိုက်ပျိုးထုတ်လုပ်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြား၌ ကျဆင်းလာဖွယ်ရာရှိကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ အလားတူ အေးမြသော ရာသီဥတုနှင့် သင့်လျော်သော အာလူးသည်လည်း အပူချိန်မြင့်တက်လာမှုကြောင့် စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာနိုင်ကြောင်း ကုလသမဂ္ဂ ပညာရှင်များက ခန့်မှန်းထားသည်။ ထိုသို့သော အပြောင်းအလဲများကြောင့် လတ္တီတွဒ် အမြင့်ပိုင်း ဒေသများ၌ စိုက်ပျိုးရေးကဏ္ဍ အပြောင်းအလဲအနေဖြင့် ငှက်ပျောအမျိုးမျိုး စိုက်ပျိုးရန် လမ်းစပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
khitlunge

No comments:

Post a Comment