ဆော်ဒီမင်္ဂလာပွဲ ဓာတ်ကြိုးပြတ်ကျ၊ လူ ၂၅ ဦးသေ၊ ၃၀ ဒဏ်ရာရ
ဆော်ဒီအာရေဗျနိုင်ငံ
အရှေ့ပိုင်ဒေသ၌ ပြုလုပ်သော မင်္ဂလာပွဲတစ်ခုအတွင်း မီးလောင်ကျွမ်းမှုနှင့်
ဓာတ်လိုက်မှုများဖြစ်ပွားခဲ့ရာ အမျိုးသမီးအများစု အပါအ၀င် လူ ၂၅ ဦး
သေဆုံးပြီး ၃၀ ဒဏ်ရာရရှိကြောင်း အယ်လ်အက်တီဆာပီယာ သတင်းစာက အောက်တိုဘာ ၃၁
ရက်တွင် ရေးသားဖော်ပြသည်။ အောက်တိုဘာ ၃၀ ရက် ကျင်းပသော
အဆိုပါမင်္ဂလာပွဲအတွင်း ရိုးရာဓလေ့အရ ဂုဏ်ပြုသေနတ်များ ပစ်ဖောက်စဉ် ကျည်သင့်၍
ဓာတ်ကြိုးပြတ်ကျကာ မီးလောင်မှုနှင့် ဓာတ်လိုက်မှုများ ဖြစ်ပွားခဲ့သည်။
ဒဏ်ရာရရှိသွားသူများအား ဒေသန္တရ ဆေးရုံနှစ်ရုံသို့ တင်ပို့လိုက်ကြောင်း၊
ဖြစ်စဉ်စတင်ပေါ်ပေါက်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း
၎င်းက ပြောကြားသည်။
khitlunge
No comments:
Post a Comment