အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲ ၂၀၁၄ ခုနှစ် ဧပြီ ၅ ရက်တွင် ကျင်းပမည်
အာဖဂန်နစ္စတန်နိုင်ငံ၌
၂၀၀၁ ခုနှစ်ကုန်ပိုင်းက တာလီဘန်အစိုးရ ပြုတ်ကျပြီးနောက် တတိယအကြိမ်
အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ် ဧပြီ ၅ ရက်တွင်
ကျင်းပမည်ဖြစ်ကြောင်း အာဖဂန်နစ္စတန် ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၃၀
ရက်တွင် ကြေညာသည်။ လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၃၁ ရက်
နံနက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ရွေးကောက်ပွဲကျင်းပမည့်
နေ့ရက်နှင့် အစီအစဉ်ကို ကြေညာမည်ဟု ရွေးကောက်ပွဲ ကော်မရှင်နှင့်
တာဝန်ရှိသူများက ပြောကြားသည်။
khitlunge
No comments:
Post a Comment