Saturday, November 17, 2012

အာဆီယံဘဏ်စနစ် တစ်ပြေးညီဖြစ်အောင် ဖိလစ်ပိုင် တိုက်တွန်း


ဖိလစ်ပိုင်ဗဟိုဘဏ်၏ ဥက္ကဋ္ဌက အာဆီယံနိုင်ငံများမှ ဗဟိုဘဏ်များအနေနှင့် ၂၀၂၀ အာဆီယံဘဏ်စနစ် တစ်သားတည်း ဖြစ်စေရေးအတွက် ဘဏ်စနစ် လုပ်ထုံးလုပ်နည်းများ တစ်စံနှုန်းတည်းဖြစ်စေရေး စတင်လုပ်ဆောင်သင့်သည်ဟု တိုက်တွန်းလိုက်ကြောင်း သိရသည်။ အာဆီယံနိုင်ငံတစ်နိုင်ငံမှ ဘဏ်စနစ်တစ်ခုအနေနှင့် အခြားအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံတွင် ၀င်ရောက်လည်ပတ် လုပ်ငန်းလုပ်ဆောင်ပါက ဒေသခံဘဏ်များကဲ့သို့ပင် မှတ်ပုံတင်ကာ လုပ်ထုံးလုပ်နည်း တူရေး လိုအပ်ကြောင်း ဖိလစ်ပိုင် ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ အာဆီယံဘဏ်များ တစ်ပုံစံတည်းဖြစ်ရေး လုပ်ငန်းမူဘောင် (ABIF)သည် မဟာစွန့်ဦး လုပ်ဆောင်မှုဖြစ်ကာ အချိန်လည်း အရနည်းပါကြောင်း၊ ရည်ရွယ်ချက် ကြီးမားသည့် လုပ်ဆောင်ချက်လည်းဖြစ်ကြောင်း၊ သို့သော် အဆိုပါ အစီအစဉ်ကို အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များ လုပ်ဆောင်နိုင်မည်ကို ကမ္ဘာက လျှော့မတွက်သင့်ကြောင်း ၄င်းက ပြောကြားသည်။ လုပ်ထုံးလုပ်နည်းများ ဟာမိုနီဖြစ်ရေးသည် ဘဏ်စနစ်တစ်သားတည်း ဖြစ်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် အရာဖြစ်ပါကြောင်းလည်း ပြောကြားသည်။ ဘုံတူညီသော လုပ်ထုံးလုပ်နည်းများရှိပါက နိုင်ငံခြားစီရင်နယ်တွင် သွားရောက်လည်ပတ် လုပ်ဆောင်သော ဘဏ်များအနေဖြင့် ပိုမိုလွယ်ကူစေမည်ဖြစ်ကြောင်း ၄င်းက ထောက်ပြသွားသည်။
khitlunge

No comments:

Post a Comment