Saturday, November 17, 2012

မီးပုံးပျံ ၄၀၀ ကျော် လွှတ်မယ့် တောင်ကြီးတန်ဆောင်တိုင်


လာမည့် ရက်ပိုင်းအတွင်း စည်ကားစွာ ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံ   ၄၄၉ လုံး ပါဝင်မည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။  


 ညမီးကြီးအမျိုးအစား(မီးကျည်)  - ၈၆ လုံး
စိန်နားပန် မီးပုံးပျံ - ၃၇ လုံး
နေ့လွတ်အရုပ် ခြေ(၂)ချောင်း - ၁၆၁ လုံး
ခြေ(၄)ချောင်း အရုပ် - ၉၅ လုံး
အရုပ်မိသားစုအုပ်စု - ၇၀ လုံး
 ညလွတ် ၁၂၃ လုံး၊ နေ့လွတ် ၃၂၆ လုံး - စုစုပေါင်း ၄၄၉ လုံး

 နိုဝင်ဘာ၂၁ ရက်မှ ၂၉ ရက်နေ့ အထိ

       အဖိတ်နေ့နှင့်လပြည့်ညများတွင် ယခင်နှစ်များက ဆုရရှိထားသည့် နာမည်ကြီး မီးပုံးပျံအဖွဲ့များ၏ မီးပုံးပျံများ ပါဝင်တတ်သည်။

ယင်းညများတွင် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးကားများ၊ ပွဲလာဧည့်သည်များ  ပိုမိုများပြားလာသည်။

        အဖိတ်နေ့တွင် မြို့လုံးကျွတ် ဘုံကထိန်ပွဲတော်နှင့် ညပိုင်းတွင် ရပ်ကွက်များအလိုက် ယှဉ်ပြိုင်ရသည့် မီးပဒေသာ အလှပြပြိုင်ပွဲအား တောင်ကြီးမြို့ စူဌာမူနိဘုရားကုန်းထိ အဖွဲ့လိုက် မီးပဒေသာများဖြင့် စီတန်း လှည့်လည်ကြသည်။
irrawaddy blog

No comments:

Post a Comment