Saturday, November 24, 2012

အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် ရိုဟင်ဂျာဟု သုံးနှုန်းခဲ့ခြင်း ကန့်ကွက်စာ ပို့မည်

ရခိုင်အမျိုးသားကွန်ရက် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

အမေရိကန် သမ္မတအိုဘားမား၏ ရန်ကုန်တက္ကသိုလ်တွင် ပြောကြား ခဲ့သော မိန့် ခွန်း တွင် ရိုဟင်ဂျာဟု သုံးစွဲခဲ့သဖြင့် ရခိုင်အမျိုး သားကွန်ယက် က အမေရိကန်သံရုံးမှ တဆင့်၊၎င်းထံ ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာ ပို့သွားမည်ဟုသိရသည်။ "ရိုဟင်ဂျာကဲ့သို့ အသုံး အနှုန်းပေါ် လာပြီးတော့ အကြမ်းဖက်မှုတွေ ပေါ်ပေါက် လာတာပဲ၊
အင်္ဂလိပ် အုပ်ချုပ်ခဲ့တဲ့သမိုင်းရော မြန်မာ့သမိုင်းမှာပါ ရိုဟင်ဂျာ
ဆိုပြီးတော့ မရှိပါဘူး" ဟု ကွန်ယက် ဥက္ကဌ ဦးတင့်ထူးအောင် က ပြောသည်။

သမ္မတအိုဘားမားအနေဖြင့် သတင်းအချက်အလက်အမှန်ကို မသိ၍ သုံးစွဲသွားတာလား၊ပြည်သူများအနေဖြင့် ဝေဖန်သုံးသပ်ရန် လိုအပ်ကြောင်း ဦးတင့်ထူးအောင်က ပြောသည်။
"ရိုဟင်ဂျာဆိုတာ အကြမ်းဖက်မှုတွေနဲ့ပေါ်ပေါက်လာတာ၊ အိုဘားမားပြောသွားတဲ့ ထဲမှာ တူညီတဲ့ ဂုဏ်သိက္ခာရှိတယ်လို့ ပြောသလိုဖြစ်သွားမယ်" ဟု ၎င်းက ပြောသည်။
သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုကြောင်း၊ ဒုတိယအကြိမ်ရွေးချယ်ခံရခြင်းကိုလည်း ကြိုဆိုကြောင်း၊ သို့သော် ကမ္ဘာ့ အင်အားကြီးနိုင်ငံ၏ မူဝါဒအမှားသည် မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ စတင်သည့် နိုင်ငံငယ်များအတွက် အလွန်အန္တရာယ်ကြီးမားကြောင်း"၎င်းကပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ နှင့်ပတ်သက်သည့် မှတ်တမ်းအထောက်ထားများကိုလည်း မကြာမီ ပြည်သူများထံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

Popular Myanmar News Journal 

No comments:

Post a Comment