Tuesday, November 27, 2012

အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရှိ


ဟားမာ့စ်နှင့် အစ္စရေးတို့အကြားတွင် သီတင်းပတ် တစ်ပတ်ကျော်အကြာ အပြင်းအထန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဂါဇာကမ်းမြောင် ဒေသရှိ အပျက်အစီးဆုံးရှုံးမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရှိကြောင်း ဟားမာ့စ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးတို့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် တိုက်ရိုက်ပျက်စီးမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၅၄၅ သန်းရှိပြီး အခြားပျက်စီးမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ရှိကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့သည်။ ရှစ်ရက်ကြာမြင့်သော အပြန်အလှန် တိုက်ခိုက်မှုတွင် မိမိတို့ဒေသမှ အိမ်ခြေ ၂ဝဝ လုံးဝ ပျက်စီးခဲ့ပြီး အခြားအိမ်ခြေ ၈ဝဝဝ ကျော်လည်း ပျက်စီးခဲ့ရကြောင်း၊ အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဟားမာ့စ်ဝန်ကြီးချုပ်ရုံး အပါအဝင် ရဲဌာနချုပ်တစ်ခုနှင့် လူနေအိမ်မဟုတ်သည့် အဆောက်အအုံ ၄၂ လုံး၊ ဘာသာရေး အဆောက်အအုံသုံးခုနှင့် အစိုးရရုံး ရာပေါင်းများစွာ ပျက်စီးခဲ့ရသည်ဟု ၄င်း၏ ပြောကြားချက်အရ သိရသည်။
khitlunge

No comments:

Post a Comment