Monday, December 3, 2012
ပြောင်းရွှေ့ရန် ငြင်းဆန်နေသော လမ်းလယ်ကောင်က ငါးထပ်တိုက်ကြီး ဘူဒိုဇာများဖြင့် ဖယ်ရှား
တရုတ်နိုင်ငံအရှေ့ပိုင်း ရှင်ကျင့်ပြည်နယ်လမ်းသစ် စီမံကိန်း၏ လမ်းလယ်ကောင်ရှိ ရွှေ့ပြောင်းပေး ရန် ငြင်းဆန်နေသော လူတစ်ဦးပိုင် ငါးထပ်တိုက် အဆောက်အအုံကို တရုတ်အာဏာပိုင်များက ဘူဒိုဇာစက်များ အသုံးပြု၍ ဖယ်ရှားရှင်းလင်းလိုက်ကြောင်း ဒီဇင်ဘာ ၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ လမ်းသစ်သည် ရှင်ကျင့်ပြည်နယ်အရှေ့ပိုင်း၌ တည်ရှိသည်။ လမ်းအလယ်ကောင်တွင် ဘဲခြံပိုင်ရှင် ယော်ဘော်ဂျင်၏ ငါးထပ် အဆောက်အအုံရှိသည်။ ၄င်းသည် အိမ်ဖယ်ရှား ခံရသည့် အတွက် လျော်ကြေး ပိုမိုရရှိရန် တောင်းဆို ထားသည်။ တောင်းဆိုသည့်လျော်ကြေး မရသည့်အတွက် အိမ်ဖယ်ရှားပေးရန် ငြင်းဆန်နေခြင်းဖြစ်သည်။ ယော်သည် အဆိုပါအိမ်ကို အမေရိကန်ဒေါ်လာ ၉၅ဝဝဝ အကုန်ကျခံ၍ တည်ဆောက်ခဲ့သည် ဟုဆိုသည်။ သို့သော်လည်း အာဏာပိုင်များက လျော်ကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃၅ဝဝဝ သာ ပေးခဲ့သည်ဟုဆိုသည်။ ၄င်းသည် အမေရိကန် ဒေါ်လာ ၄၁ဝဝဝ အထိ ပေးလျော်ပြီးဖြစ်သည့်အတွက် ဘူဒိုဇာများဖြင့် ဖျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားသည်။
khitlunge

No comments:
Post a Comment