ယူကရိန်းနိုင်ငံတွင် ယာဉ်တိုက်မှုကြောင့် စစ်ဘက်အရာရှိ လေးဦး သေဆုံး
ယူကရန်းနိုင်ငံတောင်ပိုင်း
နီကိုလာယက် ဒေသတွင် အစိုးရတပ်ဖွဲ့ အရာရှိလေးဦးအား
တင်ဆောင်မောင်းနှင်လာသည့် ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီးတို့
မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားပြီးနောက် စစ်ဘက်အရာရှိကြီး လေးဦးစလုံး
သေဆုံးခဲ့ကြောင်း ယူကရိန်း အရေးပေါ် အခြေအနေ ဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်တွင်
ပြောကြားသည်။ အဆိုပါ မတော်တဆဖြစ်မှုသည် နိုဝင်ဘာ ၂၉ ရက် ဒေသစံတော်ချိန်
နံနက် ၁ နာရီမိနစ် ၂ဝ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကုန်တင်ကားတစ်စီးသည်
မျက်နှာချင်းဆိုင် လမ်းကျဉ်းတစ်ခုအတွင်းသို့ ဝင်ရောက်လာချိန်တွင်
စစ်ဘက်အရာရှိများ တင်ဆောင် မောင်းနှင်လာသောကားလည်း အဆိုပါ
လမ်းကျဉ်းတစ်ခုအတွင်းသို့ ဝင်ရောက်မောင်းနှင်လာရာမှ မျက်နှာချင်းဆိုင်
တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
khitlunge
No comments:
Post a Comment