အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားတွင် ပစ်ခတ်မှုဖြစ်ပွား
အမေရိကန်နိုင်ငံ
ပင်ဆယ်ဗေးနီးယား ပြည်နယ်တွင် ဒီဇင်ဘာ ၂၁ ရက်ကပစ်ခတ်မှု တစ်ခု ဖြစ်ပွား
ပြီးနောက် လေးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ
အရာရှိများ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ပစ်ခတ်မှုသည်
ပင်ဆယ်ဗေးနီးယားပြည်နယ် အနောက်ပိုင်း အယ်လ်တိုနာ ဧရိယာအတွင်း၌ ဖြစ်ပွား
ခဲ့ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုကြောင့် ပစ်ခတ်သူ တစ်ဦးအပါအဝင်
လေးဦးသေဆုံးပြီး ပြည်နယ်ရဲတပ်ဖွဲ့ဝင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေနတ်ပစ်ခတ်သူသည် အယ်လ်တိုနာ ဧရိယာအတွင်းရှိ ကျေးလက်တစ်ခု၏ လမ်းမပေါ်တွင်
၎င်းကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ကြုံရာကျပန်း ပစ်ခတ်ခဲ့ခြင်းဖစ်ြကြောင်း
သိရှိရသည်။
khitlunge
No comments:
Post a Comment