Sunday, February 5, 2012

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့​အခွင့်အရေး ကိုယ်စားလှယ် သတင်းစာရှင်းလင်းပွဲ လုပ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်  တောမတ်စ် အိုဟေး ကင်တားနား (Tomás Ojea Quintana) ဟာ ဒီကနေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတယ်။
သူ့ရဲ့ မြန်မာပြည် ခြောက်ရက်တာ ခရီးစဉ်အပြီး ပြန်လည် မထွက်ခွာခင် ပြုလုပ်ခဲ့တဲ့ ကင်တားနားရဲ့ သတင်းစာ ရှင်းလင်းပွဲကို တက်ခဲ့တဲ့ သတင်းထောက်တဦးက​ …
မစ္စ​တာ​ကင်​တား​နား​​ ​သ​တင်း​စာ​ရှင်း​လင်း​ပွဲ​ ​ပြု​လုပ်​နေ​စဉ်​ (ဓာတ်​ပုံ-ရိုက်တာ)
“အီလက်ထရောနစ် ဥပဒေတွေနဲ့ ပတ်သက်ပြီး သူပြောသွားတယ်။ ဒီဥပဒေတွေ​ ​ပြင်ရမယ်လို့ ပြောသွားတယ်။ အကျဉ်းသားကိစ္စတွေလည်း​ ​အများကြီးပဲ ​ ​ ​ပြောတယ်။ ​ပြန်လွတ်လာတဲ့သူတွေနောက် တကောက်ကောက်နဲ့ စောင့်ကြည့်နေ တာတွေ​ ​ထောက်ပြပြီး သူကြားနေရတယ်ပေါ့ အဲဒါ ပြောတယ်။ အသေးစိတ်ကတော့ မပါဘူး။ ဒါပေမယ့် တော်တော်များတယ်။

အကြောက်တရား ကင်းဝေးရေး စာတမ်းဖတ်ပွဲ​ ​ကျင်း​ပ

မျိုးဆက်သစ်ကျောင်းသားလူငယ်များ အကြောက်တရား ကင်းဝေးရေး  စာတမ်းဖတ်ပွဲနဲ့ နှီးနှောဖလှယ်ပွဲကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့  မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးခမ်းမမှာ ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းသို့ ပါ​တီစည်းရုံးရေး ခရီးထွက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း ပါတီစည်းရုံးရေးခရီးကို ဖေဖော်ဝါရီ ၇ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းမှာ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၊ ညနေပိုင်းမှာတော့ မြောင်းမြမြို့က မီတာလေးရာ အားကစားကွင်းတို့မှာ လူထု ဟောပြောပွဲ ပြုလုပ်မှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဦးကျော်ဟိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေး ခရီးစဉ်အတွင်း ပုသိမ်မြို့က ကျောက်တိုင် အားကစားကွင်းမှာ ဟောပြော စည်းရုံးခွင့်ပြုဖို့ ခွင့်တောင်းရာမှာ ကော်မရှင်က ခွင့်ပြုချက် မပေးခဲ့ပေမယ့် တိုင်း ကော်မရှင်ဘက်က မမှားပါဘူးလို့  ဦးကျော်ဟိုးက ခုလို ပြောပြပါတယ်။

ကချင်ပြည်နယ်တွင် စစ်တပ်များ ရုပ်သိမ်းခြင်းမရှိ

အရင် ရက်ပိုင်းအတွင်း ကချင်ပြည်နယ်ဘက်မှာ အစိုးရစစ်တပ်တွေ ရုပ်သိမ်းသွားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အမှန်တကယ် ရုပ်သိမ်းခြင်း မရှိသေးဘူးလို့ ကချင်လွတ်မြောက်ရေး တပ်မတော်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်တွေ အရင်နေရာတွေမှာပဲ ရှိနေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

ရွှေည၀ါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာရေး ပြန်လည်စဉ်းစားရန် စာပို့

ရွှေည၀ါဆရာတော်ကြီး ဦးပညာသီဟအား ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာစေတဲ့ကိစ္စကို ပြန်လည် စဉ်းစားသုံးသပ်ပေးဖို့ စာတစောင်ကို နိုင်ငံတော်သမ္မတ အပါအ၀င် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၁၇ ဖွဲ့ထံ ဗုဒ္ဓဟူးနေ့က ပေးပို့လိုက်ပါတယ်။

တန်ဖိုးနည်း GSM လေးသန်းအတွက် ကျပ်ငွေဘီလီယံ ၅၀၀ အသုံးပြုခဲ့

ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ရောင်းချမည့် ကျပ်နှစ်သိန်းနှင့် သုံးသိန်းအကြား GSM လေးသန်းအတွက် ကျပ်ငွေဘီလီယံ ၅၀၀ အသုံးပြုခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆိုသည်။
´´လက်ရှိသုံးနေတဲ့ GSM နှစ်သန်းနီးပါးအတွက် တာဝါတိုင် ၉၀၀ ကျော် နိုင်ငံတစ်ဝှမ်းလုံးမှာ

ဒေါ်လာအဟောင်းအနွမ်း လက်မခံသည့်ကိစ္စ ညွှန်ကြားထုတ်၍ တားမြစ်သင့်



 မြန်မာနိုင်ငံ၏ မီးခိုးတိတ်စက်ရုံများဖြစ်သည့် ခရီးသွားလုပ်ငန်းများမှ ၀င်ငွေပိုမိုရရှိစေရန်နှင့် နိုင်ငံခြားငွေအဟောင်းအနွမ်းများအား လက်ခံယူငင်ပေးရန် သက်ဆိုင်ရာမှတရားဝင်အမိန့်ထုတ်ပြန်သင့်သည်ဟု ခရီးသွားလုပ်ငန်းကုမ္ပဏီများက အကြံပြုပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စစ်သားအင်အား လူဦးရေ တစ်သန်း မရှိသော်လည်း လက်ရှိအခြေအနေအရ အမျိုးသား စစ်မှုထမ်းဥပဒေကို ကျင့်သုံးရန် မလိုအပ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား


7191

ပြည်ထောင်စု လွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း
ရှင်းလင်းပြောကြားနေစဉ်
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စစ်သားအင်အား လူဦးရေတစ်သန်း မပြည့်သော်လည်း လက်ရှိအခြေအနေအရ အမျိုးသားစစ်မှုထမ်း ဥပဒေကို ကျင့်သုံးရန်မလိုအပ်ကြောင်း ဖေဖော်ဝါရီလ ၃ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစီအစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြောကြားခဲ့ပါသည်။
တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် နှင့်အညီ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရန်အတွက် အင်အားတောင့်တင်းရန်၊ စွမ်းရည် ထက်မြက်ရန်၊ ခေတ်မီရန်နှင့် မျိုးချစ် စိတ်ဓာတ်ရှိရန် လိုအပ်ပြီး အင်အား တောင့်တင်းရေးအတွက် လူနှင့်လက်နက်အင်အား တောင့်တင်းရန် လိုအပ်ကြောင်း သိရသည်။ ကမ္ဘာ့အခြေအနေများ ပြောင်းလဲ၍ လိုအပ်မည်ဆိုပါက ပြဋ္ဌာန်းပြီးဖြစ်သည့် အမျိုးသား စစ်မှုထမ်းဥပဒေကို ကျင့်သုံးနိုင်ပြီး လက်ရှိအခြေအနေနှင့် ကျင့်သုံးရန် မလိုအပ်ကြောင်း၊ ပြင်ပမီဒီယာများ နှင့် ပြည်ပနိုင်ငံများ စွပ်စွဲနေသည့် ကလေးစစ်သား အသုံးပြုရန် လိုအပ်ခြင်းမရှိ၍ တပ်မတော်သည် ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဥပဒေနှင့်အညီ အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ် ထက်မကြီးသူများ၊ ကိုယ်တိုင်ဆန္ဒပြုသူများကိုသာ စစ်မှုထမ်းအဖြစ် လက်ခံလျက်ရှိပြီး နည်းလမ်းမမှန် စုဆောင်းသူများကို တည်ဆဲတပ်မတော် ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်နေကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၏ ပြောကြားချက်အရ သိရသည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲများ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ၁၉ ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည်

7192


ဇန်န၀ါရီ ၂၉ ရက်နေ့က ထားဝယ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား 
မြို့ခံပြည်သူများက ကြိုဆိုနေကြစဉ်
  ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံရေးပါတီ ၁၉ ပါတီ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပါတီ ၁၉ ပါတီ အ နက် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီ ၁၁ ခုအပြင် အဆိုပါရွေးကောက်ပွဲ နောက်ပိုင်းမှတ်ပုံတင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် ပါတီသစ် ရှစ်ခုပါ ထပ်မံဝင်ရောက်ယှဉ် ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ကြံ့ဖွံ့ အစိုးရ ဝင်္ကန္တ


ဒီနေ့ မဂ္ဂင်ကျောင်းက ဆရာတော်တွေ အထုပ်ကလေး ကိုယ်စီဆွဲပြီး ကျောင်းပေါ်ကဆင်းသွားကြတာကို မြင်လိုက်ရတဲ့ မြင်ကွင်းဟာ စိတ်အထိခိုက်ရဆုံးပဲ။ သိပ်ရင်နာဖို့ကောင်းတယ်။ သာသနာကို စော်ကားလိုက်ပြန်ပြီ။ သံဃာတွေကို စော်ကား လိုက်ပြန်ပြီ။ သံဃာတွေကို ကျောင်းက မောင်းထုတ်လိုက်ကြပြီ။ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် စိုးရိမ်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို အဖွဲ့ ချုပ်တံဆိပ်ပါ အင်္ကျီနှင့်တွေ့ ရစဉ် (ဓါတ်ပုံ-ဘားမားဗီဂျေ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက်အလွန်စိုးရိမ်ပူပန် နေပါကြောင်း ယင်းပါတီမှ အတွင်းရေး မှုးဦးဉာဏ်ဝင်းကရန်ကုန်တိုင်းမ်ဂျာနယ် သို့ပြောကြားသည်။