Sunday, February 19, 2012

အရှင်ဂမ္ဘီရအား အရေးယူတော့မည်

အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာသည့် ဦးဂမ္ဘီရ သည် ပြစ်မှုဆိုင်ရာဥပဒေများကို ချိုးဖောက်ရုံသာမက နိုင်ငံတော်အဆင့်ရှိ သံဃာအဖွဲ့ အစည်းကိုပါ ထိပါးစော်ကားမှုများ
ကျူးလွန်ခဲ့ ၊ ဘာသာအကျိုး၊သာသနာအကျိုးနှင့် သာသနာတော်သန့် ရှင်းရေးအလို့ ငှာ
ဓမ္မစက်ဖြင့်ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့်ဆောင်ရွက်ရမည်
ဖြစ်ကြောင်း ယနေ့ ထုတ်အစိုးရပိုင် သတင်းစာများတွင်ဖော်ပြထားပါသည်။

နားလည်ပေးဖို့ ခက်နေပြီ ( ငါးထောင်တန်ဖုန်းအထူးဆောင်းပါး)

မိုဘိုင်းဖုန်းတွေ အဆမတန်ဈေးကြီးနေရတာနဲ့ ပတ်သက်လို့ ဆဲလူလာခေတ်က ဆက်သွယ်ရေးမှ အသိ အငယ်တန်းအင်ဂျင်နီယာလေးတစ်ယောက်ကို ကျွန်တော် မေးကြည့်ခဲ့ဖူးရဲ့... သူပြောခဲ့တာက ဘတ်ဂျက်မလုံ လောက်လို့ ရှိတဲ့ဘက်ဂျက်လေးနဲ့ပဲ လုပ်ရတော့ လိုင်း အင်အားသောင်းဂဏန်းအတွက်ပဲ တည်ဆောက်ရေးလုပ် ရတယ်... ဒီတော့ တစ်လိုင်းအတွက် ကုန်ကျစရိတ်က သူများနိုင်ငံထက်မြင့်တယ် တဲ့...

အသစ်ချထားမည့်မိုဘိုင်းဖုန်း များတွင်အဆင့်မြင့် MMS စနစ် ထည့်သွင်းရန်စီစဉ်


အသစ်ချထားမည့် မိုဘိုင်းဖုန်းများ၌ နိုင်ငံတကာတွင်အသုံးပြုနေသည့် MMS စနစ်ကို ထည့်သွင်းဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ MMS စနစ်မှာ (Multimedia Messaging Service) ဖြစ်ပြီး မိုဘိုင်းဖုန်းအချင်းချင်း ဓါတ်ပုံများပေးပို့ခြင်း၊ ဗွီဒီယိုဖိုင်များ၊ အသံဖိုင်များပေးပို့ခြင်း စသည်တို့ကို အပြန်အလှန်ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်သိက္ခာချတဲ့ စာဖြန့်ဝေမှု

ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ဆန့်ကျင်ရေးသားတဲ့ စာတစောင်ကို အမရပူရမြို့နယ်က ဒေါက်တာဇော်မြင့်မောင်ရဲ့ အိမ်ဝင်ပေါက် ရှေ့တည့်တည့်မှာ ဒီမနက်ပိုင်းက တွေ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းသတင်းစာဆရာကြီး ကဗွီ ချွန်ကစ်တာဗွန်နဲ့ တွေ့ဆုံ မေးမြန်းချက်

မြန်မာပြည်က လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ အိမ်နီးချင်း အာဆီယံ အသိုက်အ၀န်းရဲ့ အခန်းကဏ္ဍ ဘယ်လောက်​ အရေးပါနေပါလဲ။ ၂၀၁၄ မှာ မြန်မာက အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် ဂယက်ဟာ အထူးသဖြင့် မြန်မာ့နိုင်ငံရေးနဲ့​ ​ဒေသတခုလုံးအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ၊ မြန်မာနှင့် အာဆီယံ ဆက်ဆံရေးအကြောင်း သုံးသပ်ချက်တွေ ရေးနေတဲ့ အရှေ့တောင်အာရှ သတင်းဆရာအသင်း စီပါရဲ့ ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံက နာမည်ကြီးသတင်းစာဆရာ၊ ကဗွီ ကို ဒီဗွီဘီ အယ်ဒီတာ ဦးခင်မောင်စိုးက ဒီဗွီဘီစတူဒီယိုကို ဖိတ်ခေါ်ပြီး မေးမြန်း ဆွေးနွေးထားပါတယ်။
ကဗွီ ချွန်ကစ်တာဗွန်နှင့်​​ ဦး​ခင်​မောင်​စိုး

 မင်္ဂလာဒုံမြို့နယ် အတွင်း လယ်မြေများပေါ်တွင် ဇေကမ္ဘာစက်မှုဇုန် အပိုင်း(၄) အကောင်အထည်ဖော်မှုများ ဆက်လက် ဆောင်ရွက်ပါက လယ်မြေကို ဖျက်ဆီးခြင်းဟု သတ်မှတ် အရေးယူမည်ဟုသိရ

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာ အုပ်စုအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်နေသော လယ်မြေများပေါ်၌ ဇေကမ္ဘာကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အ ထည်ဖော်မှုနှင့်ပတ်သက်၍ ခွင့်ပြုမိန့် ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်နှင့် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ စက်မှုဇုန်အဖြစ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက လယ်မြေကိုဖျက်ဆီးခြင်းဟု သတ်မှတ်၍ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားချက် တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း သတင်း ရရှိသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ် ဒေါ်စုနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို ထောက်ခံ အားပေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘီဆစ်ဝိဂျာဂျီဝ (Abhisit Vejjajiva) ကပြောသလို ဒါဟာ မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ် အတွက်သာမက အိမ်နီးချင်း ဒေသတွင်း နိုင်ငံတွေ အတွက်ပါ အရေးကြီးတယ်လို့လည်း ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲသည် အရေးအကြီးဆုံး မှတ်ကျောက်ဟု ကုလသမဂ္ဂပြော

ဗီဂျေနမ်ဘီယား


ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာပြည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ အစိုးရအတွက် အရေးကြီးတဲ့ မှတ်ကျောက်ဖြစ်တယ်လို့ မြန်မာပြည်ကို ၆ ရက်တာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂကိုယ်စားလှယ် ဗီဂျေနမ်ဘီယားက ပြောလိုက်ပါတယ်။

မန္တလေးတောင် အားကစားကွင်းက အိုင်စီရှိုးပွဲ ပျက်၊ နိုဘိုတယ် ဟိုတယ်တွင် ပြုလုပ်

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၆ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အိုင်စီအဖွဲ့ တွေ့ဆုံစဉ် (ဓာတ်ပုံ-အိုင်စီ)


ဒီကနေ့ည မန္တလေးတောင် အားကစားကွင်းမှာ ဖျော်ဖြေမယ့် အိုင်းယွန်းခရော့ခ်ရှိုးပွဲကို​နေရာပြောင်းရွှေ့လိုက်တယ်လို့ ​ဒေ​သ​ခံ​တွေ​က​ ​ပြော​ပါ​တယ်​။
နိုဘိုတယ်ဟိုတယ်ကို​ ​ပြောင်းရွှေ့လိုက်ရတာ ဖြစ်ပြီး အဲဒီ အားကစားကွင်းကို အသုံးပြုခွှင့် မရတော့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

 Call Center တွင် ကရင်၊ ရှမ်း၊ ကချင် စသည့် တိုင်းရင်းသား ဘာသာစကားများဖြင့် ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်နေ

Call Center အတွင်းပိုင်းတစ်နေရာကို ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ်




Call Center  တွင် ကရင်၊ ရှမ်း၊ ကချင်စသည့် တိုင်းရင်းသားဘာသာစကားများဖြင့် ဖြေကြားဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၁) ဆောင်းပါးရှင်- ရွှေဓူဝံ

အရောင်ပြောင်းသော လူလည်ကြီးများ အပိုင်း(၁)
ဆောင်းပါးရှင်- ရွှေဓူဝံ

မြန်မာ့လူမှု  ဆက်ဆံရေးနယ်ပယ်တွင် “သာကူး” ဆိုသည့် စကားလုံးကို လူတိုင်းနားလည်ကြပါသည်။ သာကူးဆိုသည့်လူများသည် အများအားဖြင့် လူလည်ကျသောသူ၊ ရှေ့တစ်မျိုး နောက်တစ်မျိုး လုပ်တဲ့သူ၊ သူ့ရဲ့အခွင့်အရေး သူ့ရဲ့အကျိုးစီးပွားအတွက် မျက်နှာပြောင်တိုက်ပြီး ကျေးဇူးရှင်ကို ကျေးစွပ်ရန် ၀န်မလေး တတ်သူများ ဖြစ်ကြပါသည်- တစ်နည်းအားဖြင့် သာကူး လုပ်တတ်သူများသည် အခြေအနေ၊ အချိန်အခါကိုကြည့်၍အရောင်ပြောင်းသွားသောလူလယ်ကြီးများ၊ ကျေးဇူးကန်းတတ်သူများ ဖြစ်လေ့ရှိပါသည်။ မည်သို့ပင် ဆိုစေကာမူ အနှီသာကူး လုပ်တတ်သူ လူလည်ကြီးများသည် ခေတ်အဆက်ဆက်တွင် အခွင့်ထူးခံ လူတန်းစား များဖြစ်ပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်းတွင် အများအပြားရှိနေပါသည်။