Monday, February 27, 2012

ရတနာပုံတယ်လီပို့က ၀န်ထမ်းများ စာပို့ကန့်ကွက်

ရတနာပုံတယ်လီပို့က Development and Maintenance ၀န်ထမ်းတွေ စုပေါင်းလက်မှတ်ထိုးပြီး ဌာနကြီးမှူးရဲ့ ရိုင်းပျဆက်ဆံမှုကို စာပို့ကန့်ကွက်ကြတယ်လို့ ၀န်ထမ်းတဦးက ပြောပါတယ်။

ရဲ​တွေလုပ်ခိုင်း​တာကို သူတို့​ လုပ်ရတဲ့​ သ​ဘောပါပဲ

ကိုဖြိုးဝေအောင်
 ၂၀၁၀ သင်္ကြန်ဗုံး​ပေါက်ကွဲမှုနဲ့​ ဆက်စပ် ဖမ်း​ဆီး​ထား​တဲ့​ ကိုဖြိုး​ဝေ​အောင်နဲ့​အတူ သူ့​ရှေ့​နေ ၂ ဦး​ကို တရား​စီရင်တဲ့​ ဝန်ထမ်း​တွေကို ​နှောင့်​ယှက်မှုနဲ့​ တရား​စွဲမယ်လို့​ အင်း​စိန်​ထောင်တွင်း​ တရား​ရုံး​မှာ ​ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့​က ဆုံး​ဖြတ်ခဲ့​ပါတယ်။

NLD ပါတီဝင် စုဆောင်းရေး နှေးကွေးနေ


dskachintri
ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ပါတီ စည်းရုံးရေး ခရီးစဉ်တွင်
 ထောက်ခံအားပေးသည့် လူထုပရိတ်သတ်များကို တွေ့ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)
တရားဝင် နိုင်ငံရေးပါတီ ဖြစ်လာသော်လည်း ပါတီဝင်စုဆောင်းရေး လုပ်ငန်းစဉ်တွင်
နှောင့်နှေးမှုများ ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောကြားလိုက်သည်။

ဒီ​ကေဘီ​အေနှင့်​ နယ်ခြား​စောင့်​တပ်ကြား​ လက်နက်ပြဿနာ ​ပြေလည်မှုရရှိ

နယ်ခြား​ စောင့်​တပ်က တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) ရဲ့​ လက်နက်​တွေကို ဝင်​ရောက် သိမ်း​ယူတဲ့​အတွက် တိုက်ပွဲ​တွေဖြစ်ပွား​ပြီး​ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ ပျက်ပြား​မလိုဖြစ်ခဲ့​ရာက အခု ​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေနဲ့​ ​ပြေလည်သွား​ပြီလို့​ သိရပါတယ်။

ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည်

ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ် တရား​ဝင် ပါတီမှတ်ပုံပြန်တင်

စစ်အစိုး​ ရလက်ထက်က တရား​ဝင်ပါတီအဖြစ်က​နေ ဖျက်သိမ်း​ခြင်း​ခံခဲ့​ရတဲ့​ ရခိုင်ဒီမိုက​ရေစီအဖွဲ့​ချုပ် (​အေအယ်လ်ဒီ) ဟာ ဦး​သိန်း​စိန်အစိုး​ရ တက်လာပြီး​တဲ့​နောက် ပါတီကို မှတ်ပုံပြန်တင်လိုက်ပါတယ်။

အတင်း​အဓမ္မ ပြည့်​တန်ဆာလုပ်ခိုင်း​သူကို အ​ရေး​ယူရန် အိုင်အယ်လ်အိုထံ တိုင်ကြား

အသက် ၁၇ နှစ် အရွယ်အမျိုး​သမီး​ငယ်ကို ညှဉ်း​ပန်း​နှိပ်စက်ပြီး​ အတင်း​အဓမ္မ ပြည့်​တန်ဆာ လုပ်ခိုင်း​သူကို အ​ရေး​ယူ ​ဆောင်ရွက်​ပေး​ဖို့​ အိုင်အယ်လ်အို ဆက်ဆံ​ရေး​ရုံး​မှာ ကာယကံရှင်ကိုယ်တိုင် သွား​ရောက် တိုင်တန်း​ပါတယ်။

အနောက်ကြောင့် တရုတ်နှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ဟု ဦးရွှေမန်းပြော

အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကိုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖေါ်ပြပါရှိသည်။

ဒီမိုကရက်တစ်မြန်မာ့​အသံ ညွှန်ကြား​ရေး​မှူး​ မြန်မာနိုင်ငံ ​ရောက်ရှိ

ဦးအေးချမ်းနိုင်


 ဒီမိုကရက်တစ် မြန်မာ့​အသံ ညွှန်ကြား​ရေး​မှူး​နဲ့​ အယ်ဒီတာချုပ်ဖြစ်တဲ့​ ဦး​အေး​ချမ်း​နိုင်ဟာ ဒီ​နေ့​ မနက်ပိုင်း​မှာ မြန်မာနိုင်ငံကို တရား​ဝင် သွား​ရောက်ပါတယ်။

တိုင်ရီဖိနပ် စက်ရုံရှိ အလုပ်သမား ၁၃၁၁ ဦးက ၀ါဏိဇ္ဇ ပဋိပက္ခ ကော်မတီခုံရုံးသို့ အလုပ်သမား အခွင့်အရေးများအား တင်ပြတောင်းဆို

လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား ၁၃၁၁ ဦးသည် စက်ရုံမှပေးအပ်သည့် လုပ်ခလစာများနှင့် ပတ်သက်သည့် အလုပ်သမား အခွင့်အရေးများ ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လှိုင်သာယာမြို့နယ် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြတောင်းဆို လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

 မွန်ပြည်သစ် ပါတီနှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုး

  

မော်လမြိုင်မြို့သို့ ရောက်ရှိနေသော မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီတွင် မော်လမြိုင်ကမ်းနားဟိုတယ်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်သော အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမသဘောတူညီချက် ငါးချက်ကို လက်မှတ်ရေး ထိုးခဲ့ကြောင်း သတင်းရရှိပါသည်။

 လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မဲခေါင်ဒေသရှိ အစိုးရခြောက်ခုမှ လက်မှတ်ရေးထိုးမှုကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ပြုလုပ်ကျင်းပခဲ့

အဆိုပါမဲခေါင်ဒေသရှိ အစိုးရခြောက်ခုမှ လက်မှတ်ရေးထိုးမှုကို ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၆ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့်(၈)ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် တတိယအကြိမ်မြောက် ၀န်ကြီးအဆင့်အစည်းအဝေး (Coordinated Mekong Ministerial Initiative Against Trafficking-COMMIT) တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

 တစ်လခွဲကာလအတွင်း ပြည်တွင်းဒီဇယ်ဈေး အမြင့်ဆုံးတစ်ဂါလန် ကျပ် ၃၅၀ ခုန်တက်

ပြည်တွင်းဒီဇယ်ဈေးများမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ၍ ဆိုင်တချို့တွင် အမြင့်ဆုံးတစ်ဂါလန် ကျပ် ၃၈၅၀ အထိ မြင့်တက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က တစ်ဂါ လန် ကျပ် ၃၅၀၀ သာရှိသည့် အနေအထားမှ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Page တခုပွင့်ဖို့ အိပ်စောင့်ရတဲ့ ပုသိမ်မြို့ကအင်တာနက်လိုင်း

ပုသိမ်မြို့မှာ Adsl, skynet, wifi စတဲ့အင်တာနက်လိုင်းတွေအကုန်နှေး
ကွေးနေပါတယ်။ နေအိမ်သုံးတပ်ဆင်ထားတာတွေဘာတစ်
ခုမှသုံးလို့မရအောင်နှေးကွေးနေပါတယ်။

သမဝါယမနှင့် တောင်သူများ အပြန်အလှန် တရားစွဲ

 “ခေတ်သစ် လယ်ယာမြေနှင့် အထွေထွေ စီးပွားရေး လုပ်ငန်း သမဝါယမအသင်း လီမီတက်”
နှင့်  မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် သက္ကံချိုင်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာမှ တောင်သူများ အပြန်အလှန် တရားစွဲဆိုမှု ဖြစ်ပွားလျက် ရှိသည်။

 တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ ပြန်လည်ရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖေဖော်ဝါရီလ၂၂ရက်နေ့ကချစ်ကြည်ရေးခရီးစတင်သွားရောက်ခဲ့သော
 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြန်လည်ရောက်ရှိ လာခဲ့သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သုံးခွမြို့ပရိတ်သတ်အားပြောကြားသော မိန့်ခွန်းအပြည့်အစုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သုံးခွမြို့သို့ ရန်ကုန်မှ နေ့လည် ၂ နာရီခွဲအချိန်တွင်စတင်ထွက်ခွာလာခဲ့ရာလမ်းတစ်လျှောက်တွင် နေရာတိုင်းလိုလိုမှ သောင်းသောင်းဖျဖျ
ကြိုဆိုခဲ့ကြသည်။

ဂျပန်က မြန်မာကို ချေးငွေများ ချပေးတော့မည်

 မြန်မာနိုင်ငံသို့ ဂျပန်ချေးငွေများ ပြန်လည်ချပေးတော့မည် ဖြစ်ကြောင်း ဂျပန်အစိုးရ အဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်သည်။၁၉၈၀ စုနှစ်များကတည်းက ရပ်စဲထားခဲ့သော ဖွံ့ဖြိုးရေး အကူအညီများကို ပြန်လည်ပေးအပ်ရန် ဧပြီလ တိုကျိုတွင် ကျင်းပမည့် မဲခေါင်-ဂျပန် ထိပ်သီး အစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံစဉ် တရားဝင် ကြေညာဖွယ်ရှိသည်ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိအား ကိုးကား၍ မအိနိချိ သတင်းစာတွင် ရေးသားထားသည်။

 ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်း စီမံကိန်းကို ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေ

 

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်း 
စီမံကိန်းအတွက် အမှိုက်များရှင်းလင်းနေစဉ်
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်အတွင်း ၀န်ထမ်းကြီးမြေကွက်ဖော်ထုတ်ခြင်းစီမံကိန်းအား ကုမ္ပဏီသုံးခုက အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်းသတင်းရရှိပါသည်။