Thursday, January 3, 2013

ပီရူးအလယ်ပိုင်း အကျဉ်းထောင်၌ အကျဉ်းသားများ ထောင်ဖောက်ထွက်ပြေး


ပီရူးနိုင်ငံ အလယ်ပိုင်း လူငယ်အကျဉ်းထောင် တစ်ခုမှ လူငယ်အကျဉ်းသား ၁၃ ဦး ထောင်ဖောက်ပြီး ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ဇန်နဝါရီ ၁ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ လူငယ်များသည် ပီရူးနိုင်ငံ အလယ်ပိုင်း လီမာမြို့ရှိ အကျဉ်းထောင်၌ ထောင်စောင့်များ နှစ်သစ်ကူးပွဲတော် ကျင်းပရန် ပြင်ဆင်နေစဉ်အတွင်း အဓိကရုဏ်းတစ်ခု ဖြစ်ပွားပြီး လွတ်မြောက်သွားခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ အချင်းဖြစ်ပွားစဉ် အကျဉ်းထောင်မှူး ပစ်ခတ်ခံခဲ့သည်ဟု ဆိုသည်။ ထောင်ဖောက်ထွက်ပြေး လွတ်မြောက်သွားသူများအကြား လူသတ်မှုနှစ်ခုဖြင့် ထောင်ကျနေသည့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသည် အခြားအကျဉ်းထောင်တစ်ခုမှ ထွက်ပြေး လွတ်မြောက်လာပြီးနောက် ပြန်လည်ဖမ်းဆီးခံရကာ ပီရူးအလယ်ပိုင်း အကျဉ်းထောင်သို့ ရွှေ့ပြောင်း လာခဲ့သူဖြစ်သည်။ ၄င်းအကျဉ်းထောင်ကို အကျဉ်းသား ၃၇ဝ ထားရန် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း လောလောဆယ်တွင် အကျဉ်းကျခံနေရသည့် လူငယ် ၁ဝဝဝ ခန့်ရှိသည်ဟု ဆိုသည်။ ထွက်ပြေးလွတ်မြောက် သွားသူများအား ပြန်လည် ရှာဖွေနေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
khitlunge

No comments:

Post a Comment