Tuesday, January 8, 2013

နယူးယောက်မြို့သို့ ခရီးသည်လာရောက်မှု ၂၀၁၂ ခုနှစ်တွင် စံချိန်တင်


အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် ၅၂ သန်း အထိ စံချိန်တင်လာရောက်ခဲ့ကြောင်း မြို့တော်ဝန် မိုက်ကယ်ဘလွမ်းဘာ့ဂ်ျက ပြောကြားသည်။ ပန်းသီးကြီး (Big Apple) ဟု ချစ်စနိုးခေါ်တွင်သော နယူးယောက်မြို့သို့ ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် သန်း ၅ဝ ရောက်ရှိခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်က ခရီးသည်ဦးရေ စံချိန်တင်နိုင်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။ နယူးယောက်မြို့သို့ အလည်အပတ် လာရောက်သူများအနက် ဧည့်သည် ၄၁ သန်းမှာ အမေရိကန် ပြည်ထောင်စု အတွင်းမှဖြစ်ပြီး ၁၁ သန်းမှာမူ ပြည်ပမှ ဖြစ်ကြောင်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဝင်ငွေဒေါ်လာ ၅၅ ဒသမ ၃ ဘီလီယံရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုအတွင်း ခရီးသည်အများဆုံး အလည်အပတ် လာရောက်သည့် မြို့ကြီးများ စာရင်းတွင် ထိပ်တန်းနေရာ၌ နယူးယောက်မြို့ ရပ်တည်နေကြောင်း မြို့တော်ဝန်က ပြောကြားသည်။
khitlunge

No comments:

Post a Comment