Tuesday, January 8, 2013

၂၀၁၃ မှာ မိုးအောင်ရင် ဖြစ်ချင်တဲ့အရာ


၂ဝ၁၃ နှစ်သစ်ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ၂ဝ၁၂ မှာ အနုပညာရှင်တွေ အနေနဲ့ ကံကောင်းခြင်း၊ကံဆိုးခြင်းတွေနဲ့ ဘယ်လိုဖြတ်သန်း လာရသလဲ ဆိုတာကို ပရိသတ် တွေ စိတ်ဝင်စားကြမှာ ဖြစ်ပါတယ်။ ပရိသတ် အခိုင် အမာရရှိထားသူ လူငယ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးအောင်ရင်ရဲ့ ၂ဝ၁၂ ခုနှစ်ရဲ့ ဖြတ်သန်းမှု ပုံစံအကြောင်း ကို မေးကြည့်တော့ “ကျွန်တော် ၂ဝ၁၂ မကုန်ခင်အထိ ကျန်းမာရေး မကောင်းဖြစ်ခဲ့တယ်။ သုံးကားလောက် ရှိတယ်။ ပထမတစ်ကားတုန်းက မူးလဲပြီး မေးစေ့ကွဲသွားလို့ မေးစေ့ ၄ ချက် ချုပ်လိုက်ရတယ်။ဒုတိယကားကျတော့ ကျွန်တော် Pressure ကျပြီး ကားရိုက်နှစ်ရက်လောက် နားလိုက်ရတယ်။ တတိယကား ကျတော့ ချောင်း ဆိုးရင်းနဲ့ ခါးညပ်သွားတယ်။ ကံကတော့ ၂ဝ၁၂ မှာ ဘာကိုခေနေလဲ မသိဘူး။ ၂ဝ၁၃ မှာ ကျွန်တော် ကံကောင်းလာမယ်လို့ ထင်ပါတယ်” လို့ ပြောတဲ့အတွက် ၂ဝ၁၃ နှစ်သစ်မှာ ဘာတွေပြင်ဆင်ထားလဲဆိုတာ မိုးအောင်ရင်ကိုမေးတော့..”၂ဝ၁၃ နှစ်သစ်မှာ ထွေထွေထူးထူးတော့ ပြင်ဆင်ထားတာမရှိပါဘူး။ ၂ဝ၁၃ မှာ ကျွန်တော်ဖြစ်ချင်တာတော့ ရှိတယ်။ ဒါပေမဲ့ မင်းသားနေရာကနေ ကျွန်တော်တစ်ယောက်တည်း သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး နှစ်ကားရှိတယ်။ အဲဒီကားကို အမြန်ဆုံးထွက် စေချင်တယ်။ ပထမဦးဆုံး စီစဉ်ထားတာက ၂ဝ၁၃ နှစ်စလောက်မှာ ရုံတင်မယ် လို့တော့ ပြောတယ်။ အခုအနေအထား အတိုင်းဆိုရင် မဖြစ်နိုင်ဘူး ထင်တယ်။ ၂ဝ၁၃ ခုနှစ် နောက်ဆုံးမှ ရုံတင်ရင်လည်း တင်ဖြစ်မယ်။ နောက် မဟုတ်ရင် ၂ဝ၁၄ လောက်မှပဲ တင်ဖြစ်ရင်လည်း တင်ဖြစ်မှာ။ အဲဒါကို ကျွန်တော်စိုးရိမ်နေတယ်။ ဖြစ်နိုင်ရင်တော့ ပိုစောပြီးထွက်စေ ချင်တယ်။ ပရိသတ်တွေကိုလည်း ချပြချင်တယ်။ ဖြစ်ချင်တာက အဲဒါလေးပါပဲ”လို့ပြောပြ ခဲ့ပါတယ်။

တွယ်တာ

Popular Journal

No comments:

Post a Comment