Monday, January 28, 2013

ပေါ်တူဂီနိုင်ငံ ပညာရေးစရိတ် လျှော့ချမှု ဆရာဆရာမများ လမ်းပေါ်ထွက် အရေးဆိုမှုပြု


ပေါ်တူဂီနိုင်ငံ၏ ၂ဝ၁၃ ခုနှစ် ဘတ်ဂျက်ကာလ ပညာရေးအသုံးစရိတ်အား ယူရို ၄ ဒသမ ၃ သန်း လျှော့ချမှုအပေါ် တားဆီးပေးရေးအတွက် ကျောင်းဆရာ ဆရာမ သောင်းကျော်တို့သည် လမ်းမများပေါ် ထွက်ကာ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်ကြသော ဆရာ ဆရာမများ ၄ဝဝဝဝ ခန့်ရှိကြောင်း၊ စာတန်းများ ကိုင်ဆောင်ကာ လစ္စဘွန်းမြို့လယ်တွင် စုဝေး၍ဆန္ဒထုတ် ဖော်ပြခဲ့ကြကြောင်း ဇန်နဝါရီ ၂၆ ရက် ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။ အဆိုပါ ဆရာဆရာမ လူအုပ်ကြီးသည် ပညာရေးဝန်ကြီး နျူနိုကာရာတိုအား အလုပ်မှ အနားပေးရန် တောင်းဆိုကြသည်။ ကျောင်းဆရာဆရာမများ သမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သူ ဖီအန်ပီရုဖ်က စာသင်ကျောင်းများအပေါ် အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပတ်သတ်ပြီး ဝမ်းနည်းကြောင်း ဖော်ထုတ်သွားမည်ဟု ဆိုသည်။
(ဆင်ဟွာ)
khitlunge

No comments:

Post a Comment