Thursday, January 17, 2013

မြတ်ဗုဒ္ဓ ဟု အမည်နာမရေးထိုးထားသောဓါးလက်နက်များ ဈေးကွက်အတွင်းရောက်ရှိ


ခလုတ်ဓါးတစ်ချောင်း၏ BRAND တံဆိပ်ကို မြတ်ဗုဒ္ဓ၏ အမည်နာမှဖြင့် မဖွယ်မရာရေးထိုးပြီး မြန်မာနိုင်ငံရှိ စတိုးဆိုင်များ လမ်းဘေးဈေး ဆိုင် များတွင်ရောင်းချနေသည်ကို တွေ့ရှိနေရ၍ တွေ့မြင်သူ ဗုဒ္ဓဘာသာဝင် များ စိတ်မချမ်းမြေ့ ဖြစ်နေရကြောင်းသိရှိရသည်။
 
အဆိုပါအလွယ်တကူဝယ်ယူရရှိနိုင်သောဓါးလက်နက်ကိုထိုင်းနိုင်ငံလုပ်လိုလိုတရုတ်နိုင်ငံလုပ်လိုလို ပြော
ဆိုရောင်းချနေကြသည်။

ဆင်ခြင်တိုင်းထွာ နိုင်သူအချို့ ကမူ တရုတ်ကဗုဒ္ဓဘာသာဆိုတော့ ဒီလိုသာသနာ ညှိုးနွမ်းစေမည့်အလုပ်ကို လုပ်မလုပ်နှင့် ထိုင်းနိုင်ငံသည်လည်း.. ဗုဒ္ဓယာဉ်ကျေးမှု ထွန်းကားရိုသေသောနိုင်ငံ တစ် ခုဖြစ်နေ သောကြောင့် မဖြစ်နိုင် ဟု သုံးသပ်သူများလည်းရှိနေသည်။

BRAND ဟူသောအင်္ဂလိပ်ဘာသာဖြင့် ဓားအသွားအနက်ရောင်ပေါ်တွင် အလွယ်တကူ မဖျက်နိုင်ရန် ထင်ထင်ရှားရှား ရေးထိုးထားသည်ကိုတွေ့မြင်ရပြီးလက်ကိုင်ရိုးပေါ်တွင် ပုတီးနှင့် ဘုန်းကြီးပုံကိုပါ ရိုက်နှိပ် ပါရှိသည်။

ဓားအသွား၅ လက်မခန့်နှင့် လက်ကိုင်ရိုးမှာလည်း ၅ လက်မခန့် ရှိသည်။ ဓားအသွား အနက်ရောင်နှင့် လက်ကိုင်ရိုးမှာအနီရောင်ဖြစ်သည်။ရောင်းဈေးမှာ ဓားတစ်ချောင်းလျှင် ၃၀၀၀ ကျပ်ခန့်ရှိကြောင်း ၀ယ်ယူ ခဲ့သူတစ်ဦးကပြောသည်။

The Hot News

No comments:

Post a Comment