Thursday, January 17, 2013
နယူးဇီလန်တောင်ပေါ်မှ တောင်တက်သမားနှစ်ဦး ကယ်ဆယ်ခဲ့ရ
နယူးဇီလန်နိုင်ငံ တောင်ပိုင်း အဲပ်စ်ရှိ တက်စ်မင်န်တောင်ပေါ်တွင် နှစ်ညတာ ပိတ်မိနေခဲ့သော တောင်တက် သမားနှစ်ဦးကို ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ရကြောင်း ဇန်နဝါရီ ၁၅ ရက်က အေပီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ အဆိုပါ တောင်တက်သမား အမျိုးသားနှစ်ဦးမှာ အသက် ၂၃ နှစ်အရွယ် သြစတြေးလျ နိုင်ငံသားနှင့် အသက် ၂၅ နှစ်အရွယ် ဗြိတိန်နိုင်ငံသားတို့ ဖြစ်ကြပြီး ၄င်းတို့နှစ်ဦး တက်စ်မင်န်တောင်ထိပ် အနီးရှိ ရေခဲပြင်အက်ကြောင်းနက်ကြီး တစ်ခုအတွင်း ဇန်နဝါရီ ၁၄ ရက်နံနက်က ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။ ယင်းတို့နှစ်ဦးသည် ဇန်နဝါရီ ၁၂ ရက်က တောင်ပေါ်တက်ပြီး ပြန်အဆင်းတွင် မအောင်မြင်ဖြစ်ပြီးနောက် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးရေး အရာရှိ ဒေးဗစ်ဂက်စ်ကင်က ပြောကြားသည်။ တောင်တက်သမားနှစ်ဦးအား လိုအပ်သည့် ဆေးဝါးစောင့်ရှောက် မှုများ ဆောင်ရွက်ပေးရန်အတွက် ကွတ်တောင်ပေါ်ကျေးရွာသို့ ခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ကနဦး ထုတ်ပြန်ချက်အရ ယင်းတို့နှစ်ဦးသည် စိုစွတ်သည့် အအေးဒဏ် ခံရမှုမှတစ်ပါး ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိဟု ဆိုသည်။
khitlunge

No comments:
Post a Comment