Wednesday, January 30, 2013

မြစ်ကြီးနား၌ တစ်ရက်လျှင် ဘိန်းခင်း ဧကတစ်ရာကျော် ဖျက်ဆီးနေ

မြစ်ကြီးနားမြို့နယ်အတွင်း တစ်ရက်လျှင် ဘိန်းခင်း(၁၂၅) ဧကအား ဖျက်ဆီးနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရှိရသည်။
 
ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့မှ ယခုလ(၂၈) ရက်နေ့က လူ့ထောင်ရွာမြောက်ဘက် (၁)မိုင်ခန့်အကွာတွင် ဘိန်းခင်း (၂ဝ) ဧက၊ ဘွန်လိန်းရွာ မြောက်ဘက် (၁)မိုင်ခန့်အကွာတွင် (၃ဝ) ဧက၊ ဝေမိုးရွာမြောက်ဘက် (၁) မိုင်ခန့် အကွာတွင် (၁၅)ဧက နှင့် ခနော့ဘွန်ရွာတောင်ဘက်တွင် (၆ဝ)ဧကခန့်၊ စုစုပေါင်း ဘိန်းခင်း ၁၂၅ ဧကအား ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ၁၂၅ ဧက ဖျက်ဆီးနိုင်ခဲ့ပါတယ်၊ အရင်တုန်းကလည်း ဒီလိုတစ်ရက်ထဲ အများကြီးဖျက်ဆီးဖူးပါတယ်။ လူများရင် များသလိုဖျက်ဆီးလို့ ရပါတယ်။ ဟု မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
 
ထို့အပြင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ဘိန်းခင်း ဖျက်ဆီးရေး ပူးပေါင်းအဖွဲ့မှာလည်း ယခုလ (၂၈)ရက်နေ့တွင်  ရဲတောင်ရွာအနောက် မြောက်ဘက် (၃) မိုင်ခန့်အကွာနှင့် အရှေ့တောင်ဘက်တွင် ဘိန်းခင်း စုစုပေါင်း (၁.၃) ဧကအား ဖျက်ဆီးနိုင်ခဲ့ ကြောင်းကိုလည်း သိရသည်။
 
ဘိန်းခင်းများအား ဖျက်ဆီးရာတွင် ဘိန်းပင်၏ ခါးလည်အား တုတ်ဖြင့်ရိုက်၍ ဖျက်ဆီးလေ့ရှိကြောင်းမြစ်ကြီးနား ခရိုင်ရဲတပ်ဖွဲ့ရုံးမှတာဝန်ရှိသူထံက သိရသည်။
 
 “ကျွန်တော်တို့ ဘိန်းခင်းတွေကိုဖျက်စီးရင်တော့ ပိုင်ရှင်တွေကတော့ မရှိတော့ဘူး။ ပိုင်ရှင်မဲ့ ဖြစ်သွားတာပေါ့ ၊ ဒေသခံတွေ ကလည်း လိုက်ပြီးမကူရဲဘူး သူ့အခင်းလိုက်ပြတယ်။ ငါ့အခင်းလိုက်ပြတယ် ဖြစ်မှာ ကြောက်တော့။ လမ်းပြရယ် ကိုယ့်လူတွေရယ် ဒါနဲ့ပဲ ဖျက်ဆီးရတယ် ဟု အဆိုပါရဲဝန်ထမ်းက ဆက်ပြောသည်။
 
ကချင်ပြည်နယ်တွင် ဝိုင်းမော်မြို့နယ်၊ တနိုင်းမြို့နယ်နှင့် ပူတာအိုမြို့နယ်ဖက်တွင် ဘိန်းခင်းများ ရှိကြောင်း သိရပြီး ဘိန်း တိုက်ဖျက်ရေးအဖွဲ့မှ ဝိုင်းမော်မြို့နယ်ဖက်သို့ ဘိန်းထပ်မံ ဖျက်ဆီးရန် လုပ်ဆောင်သွားမည်ဟု သိရသည်။
 
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ယခုဖျက်စီးပြီး ဘိန်းခင်းဧကအပါအ၀င် ၇၂၅၀၃.၀၅ ဧက ဖျက်ဆီးနိုင်ခဲ့ သည်။
 
မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ၁၉၉၉ ခုနှစ်မှစတင်၍ မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် (၁၅)နှစ် စီမံချက်ဖြင့် ၂၀၁၄ အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။
ကောင်းမြတ်ဖြိုး ( မြစ်မခ)

No comments:

Post a Comment