Wednesday, January 30, 2013

နိုင်ငံတကာစီမံခန့် ခွဲမှု ဘာသာရပ်များအကြောင်း ဆွေးနွေးမည်

နိုင်ငံတကာစီမံခန့် ခွဲမှုဆိုင်ရာအထူးပြုဘာသာရပ်များအကြောင်းဆွေးနွေးပွဲအား Summit Parkview Hotel ၌    ဖေဖော်ဝါရီ(၉)ရက် နံနက်(၁၀)နာရီတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။
 
အဆိုပါ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲသို့ စီမံခန့် ခွဲမှုဘာသာရပ်ကို စိတ်ပါဝင်စားသူများ၊ MBA ဆက်လက်တက်ရောက် လိုသည့် ကျောင်းသားကျောင်းသူများတက်ရောက်နိုင်ပြီး  စီမံခန့် ခွဲမှု ဆိုင်ရာဘာသာရပ်များအား သင်ကြားပို့ ချပေးနေသည့် တက္ကသိုလ်များအကြောင်းကိုလည်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း CROWN Education မှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
 
ကိုယ်ထုတ်လုပ်တဲ့ ပစ္စည်းချင်းတူရင်၊ ၀န်ဆောင်မှု ကောင်းတဲ့လူသာမယ်၊ ၀န်ဆောင်မှု ကောင်းတာခြင်းတူရင် စီမံခန့် ခွဲမှု သာတဲ့လူက နိုင်ငံတကာအထိထိုးဖောက် လုပ်ကိုင်နိုင် ဖို့ အခွင့်အရေး ပိုများပါတယ်၊၊ ယေဘူယျအားဖြင့်ဆိုရင်တော့ ကျွန်တော်တို့ မှာ စီမံခန့် ခွဲမှုနဲ့ ပတ်သက်ပြီး၊ တကယ်လုပ်ကိုင်ရမယ့် အသက်အရွယ် လူငယ်တွေမှာ အဆင်သင့် မဖြစ်ကြသေးပါဘူး၊ အဲ့ဒီအတွက် ဒီပွဲလေးလုပ်ဖြစ်တာပါ ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောသည်။
 
တစ်ချို့ မြန်မာလူငယ်များအနေဖြင့် MBA ပြည့်ပြည့်စုံစုံ သိသင့်ကြောင်း၊ MBA မသင်ယူမီနှင့် သင်ယူပြီးပါက မည်ကဲ့ သို့နေထိုင်သင့်သည်စသည့်အချက်များနှင့် မြန်မာလူငယ်များအတွက် အသက်အရွယ်နှင့် အတွေ့အကြုံအလိုက် ရွေးချယ် သင့်သည် များအား အဆိုပါပွဲ၌ ဆွေးနွေး သွားမည်ဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 
ခေတ်နှင့်အညီပြောင်းလဲလာသည့် စီမံခန့် ခွဲမှုဆိုင်ရာဘာသာရပ်များ၊ Business Administration နှင့် Business Management ကွဲပြားခြားနားချက်များ၊ Master of Business Administration နှင့် Master of Science – Management ကွဲပြားခြားနားသည့် အချက်များ၊ Banking & Finance ဘာသာရပ်များအကြောင်းနှင့် ဆက်စပ်အလုပ်အကိုင်အခွင့်အလမ်းများ၊ ပြည်တွင်း သင်တန်းများမှ ရွေးချယ်သင့်ယူသင့်သော စီးပွားရေးနှင့် စီမံခန့် ခွဲမှုဆိုင်ရာဘာသာရပ်များအကြောင်း   ဆွေးနွေး ဟောပြောသွားမည်ဖြစ်သည်။
 
အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး သိသိသာသာ မြင်နေရပြီး၊ ၀န်ဆောင်မှု့၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှု ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာနဲ့  ရင်ဘောင်တန်းဆက်ဆံနိုင်ဖို့အတွက် စီမံခန့် ခွဲမှုပညာဆိုတာ၊ အရေးပါလာပါ လိမ့်မယ်၊ ရန်ကုန်မှ MBA ကျောင်းသားတစ်ဦးက ပြောသည်။
 
စီပွားရေးစီမံခန့်ခွဲမှုဘာသာရပ်အကြောင်း အသေးစိတ်သိရှိလိုသူများနှင့် ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် CROWN Education ဖုန်း ၀၉-၇၃၂ ၇၃၂ ၇၇ ၊ ၀၉  ၅၀၈၅ ၁၈၅ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်သည်။
မြစ်မခ

No comments:

Post a Comment