Tuesday, January 1, 2013
အမေရိကန်နိုင်ငံ စာသင်ကျောင်းများ၌ လက်နက်ကိုင် အစောင့်များ ထားရှိမည်
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် သူ၏သမ္မတ သက်တမ်းတွင် အဆိုးရွားဆုံး နေ့တစ်နေ့ကို ကြုံတွေ့ရမှုကြောင့် သေနတ် အကြမ်းဖက်မှုများအား ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် လာမည့်နှစ်တွင် ဥပဒေပြုချက် တစ်ရပ်ကို ထုတ်ပြန်ပြီးနောက် သေနတ်ပစ်ခတ်မှု ကျွမ်းကျင်သူ ပထမဆုံး အယောက် ၂ဝ ကို ခေါ်ယူကာ စာသင်ကျောင်းများတွင် လက်နက်ကိုင် အစောင့်များအဖြစ် အချိန်ပြည့် ထားရှိသွားမည်ဟု အာမခံ ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၃၁ ရက်က အေပီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ နယူးတောင်းမြို့ စန်ဒီဟွတ် မူလတန်းကျောင်း၌ ဒီဇင်ဘာ ၁၄ ရက်က သေကျေပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် သေနတ်ပစ်ခတ် တိုက်ခိုက်မှု၏ နောက်ဆက်တွဲတွင် စာသင်ကျောင်းများ၌ လက်နက်ကိုင် အစောင့်များ အချိန်ပြည့် ထားရှိသွားရန် စီမံချက်များကို အင်န်ဘီစီ သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အိုဘားမားက ပွင့်လင်းစွာ ပြောကြားခဲ့ခြင်း ဖြစ်သည်။
khitlunge

No comments:
Post a Comment