Tuesday, January 1, 2013

မီလန်မှ ထွက်ခွာကာ ပါတိုအနေဖြင့် ကိုရင်သီယန်စ်သို့ ပြောင်းရွှေ့ဖြစ်မည်ဟု အေးဂျင့်ဆို


အလက်ဇန္ဒား ပါတို၏ အေစီမီလန် ကစားသမားဘဝ နေ့ရက်များ ဆုံးခန်းတိုင်တော့မည်ဟု ၎င်း၏ အေးဂျင့်က အရိပ်အမြွက် ဖွင့်ဟလာခဲ့သည်။
ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူးသည် မွေးရပ်နိုင်ငံမှ ကလပ်အသင်း တစ်ခုဖြစ်သော ကိုရင်သီယန်စ်ထံ ပြောင်းရွှေ့ရန် စိုင်းပြင်းနေကြောင်း အေးဂျင့်က ဆိုသည်။ ပါတိုသည် ဇန်နဝါရီတွင် ဘရာဇီးလ်သို့ ပြန်ရန် သဘော တူညီထားပြီး ဖြစ်နေကြောင်း အေးဂျင့် ဂီလ်မာ ဗီလော့ဇ်က ပြောကြားခဲ့သည်။ အစောပိုင်းက မီလန် ဒုတိယ ဥက္ကဋ္ဌ အက်ဒရီယာနို ဂယ်လီယာနီက မိမိတို့ အသင်းသည် ပါတိုနှင့် ဘရာဇီးလ် အသင်းဖော် ရော်ဘင်ဟိုတို့ကို ဆက်ထိန်းထားရေး အသည်းအသန် ကြိုးပမ်းရမည်ဟု ဝန်ခံထားသေးသည်။
ဗီလော့ဇ်က "ပါတိုက ကိုရင်သီယန်စ်ကို ရွေးထားပြီးပါပြီ။ သူက ဘရာဇီးလ်ကို ပြန်တော့မယ်လို့ ဆုံးဖြတ်ကတည်းက ကိုရင်သီယန်စ်ဟာ ပထမ ဦးစားပေးပါပဲ"ဟု ပြောကြားခဲ့သည်။ ကိုရင်သီယန်စ်သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ကမ္ဘာ့ကလပ်အသင်းများ ချန်ပီယံဘွဲ့ကို ရရှိထားသည်။ ဗီလော့ဇ်က "ပါတို အနေနဲ့ တခြားကလပ် တစ်ခုကို ပြောင်းရွှေ့ပြီး အတွေ့အကြုံရှာဖို့ လိုနေပြီဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဂယ်လီယာနီကလည်း ဒါကို သဘောပေါက်မှာပါ။ ကိုရင်သီယန်စ် ဘက်ကတော့ ပါတိုကို ကြိုဆိုပြီးသားပါ။ ပြီးတော့ သူတို့အသင်းမှာ ပါတို မြန်မြန် အထိုင်ကျလာအောင် အစွမ်းကုန် ကူညီပါလိမ့်မယ်"ဟု ဆက်လက် ပြောဆိုသွားသည်။  
soccer myanmar

No comments:

Post a Comment