Friday, January 11, 2013

ကမ္ဘာ့ဖလား မရသေးခြင်းကြောင့် မိမိ၏ ကစားသမား ဘဝ ပြည့်စုံခြင်း မရှိသေးဟု မက်ဆီဝန်ခံ


မိမိ၏ ကစားသမား ဘဝသည် ကမ္ဘာ့ဖလားကို ပိုင်ဆိုင်ခြင်း မရှိသေးသည့်အတွက် ပြီးပြည့်စုံမှု မရှိသေးကြောင်း လီယွန်နယ်လ် မက်ဆီက ဝန်ခံခဲ့သည်။
ဘာစီလိုနာ အသင်း၏ တိုက်စစ်မှူးသည် သမိုင်းတစ်လျှောက် ပထမဆုံးသော (၄)နှစ်ဆက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူး ရယူနိုင်ခဲ့သည်။ ၎င်းသည် ဘာစီလိုနာနှင့်အတူ မရသေးသည့် ဆုဖလားဟူ၍ တစ်ခုမျှ မကျန်အောင် အောင်မြင်ခဲ့သော်လည်း မိခင်နိုင်ငံ အာဂျင်တီးနား အသင်းနှင့်မူ ကမ္ဘာ့ဖလားကို မပိုင်ဆိုင်ဖူးသေးချေ။ လက်ရှိ ကမ္ဘာပေါ်တွင် အောင်မြင်မှု အရှိန်အဝါ အကြီးမားဆုံး ကစားသမားအဖြစ် လက်ခံသတ်မှတ်ခြင်း ခံထားရသည့်တိုင် ကမ္ဘာ့ဖလား ချန်ပီယံ မဖြစ်ဖူးခြင်းက မိမိအတွက် လိုအပ်ချက် တစ်ခုဟု မက်ဆီက ဖွင့်ဟသွားသည်။
အသက်(၂၅)နှစ်ရှိ မက်ဆီက "ကမ္ဘာ့ဖလားဟာ ကျွန်တော့်အတွက် လိုအပ်နေတဲ့ အရာပါ။ ဒီဖလားကို လိုချင်လားဆိုရင် အမှန်ပဲလို့ ဆိုရမှာပါ။ ကမ္ဘာ့ဖလားအတွက် ဆိုရင် ကျွန်တော့်ရဲ့ Ballon d'Or (ကမ္ဘာ့အကောင်းဆုံးဆု)နဲ့ လဲလိုက်ဖို့ အသင့်ပါပဲ။ ကမ္ဘာ့ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်က ဘာနဲ့မှ နှိုင်းလို့ မရဘူးလေ။ ဘာစီလိုနာနဲ့တူ ခမ်းနားတဲ့ အောင်မြင်မှုတွေ ကျွန်တော် လိုချင်ပါတယ်။ ပြီးတော့ ကျွန်တော့် နိုင်ငံနဲ့ရောပေါ့။ ဒါဟာ ကျွန်တော် အမြဲတမ်း တောင့်တ မျှော်လင့်နေတဲ့ အိပ်မက် တစ်ခုပါပဲ"ဟု ပြောကြားသွားသည်။ 
Ref: The Sun
soccer myanmar

No comments:

Post a Comment