Friday, January 11, 2013

နှစ် ၂၀၀ ကျော် သက်တမ်းရှိ ပဋိဇီဝဆေးပြားများ တွေ့ရှိ


နှစ်၂ဝဝဝ ကျော် သက်တမ်းရှိမည်ဟု ယူဆရသော ပဋိဇီဝ ဆေးပြားများ ပါဝင်သည့် သံသေတ္တာတစ်လုံးကို အီတလီ ကမ်းခြေအနီးမှ ရှာဖွေတွေ့ရှိခဲ့ သည်ဟု အမျိုးသား သိပ္ပံ အကယ်ဒမီမှ သုတေသီများက ဆိုသည်။ ယင်း သံသေတ္တာအတွင်း ပါရှိသော ဆေးပြားခြောက်ပြားကို အသေးစိတ် သုတေသနပြုခဲ့ရာ တိရစ္ဆာန်နှင့် သစ်သီးသစ်ဖုဆီ၊ ထင်းရှူးဆီနှင့် ဇင့်ဒြပ်ပေါင်းတို့ ပါဝင်ပြီး မျက်စိဝေဒနာ ကုသဆေးများဟု ယူဆရကြောင်း၊ ရေအောက်တွင် ကာလရှည်ကြာ မပျက်မစီးဘဲ ရှိနေသည့် ယင်းဆေးဝါးများ၏ အာနိသင်မှာ အံ့သြဖွယ်ရာ ဖြစ်ကြောင်း မီဆာတက္ကသိုလ်မှ ဓာတုဗေဒပညာရှင် မာရီယာပါလာကိုလန်ဘီနီက ဆိုသည်။ အဆိုပါဆေးပြားများ၏ သက်တမ်းကို ဖော်ပြရမည် ဆိုပါက ဘီစီ ၁၃ဝ နှင့် ၁၄ဝ ကြားကာလက ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။
khitlunge

No comments:

Post a Comment