ပြင်သစ် တိုက်လေယာဉ်များ မာလီကို ဗုံးကြဲပြန်ပြီ
ပြင်သစ်လေတပ်က
မာလီနိုင်ငံမြောက်ပိုင်းဂါအိုမြို့အနီးမာလီသူပုန်စခန်းအတော်များများကို
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြကြောင်း စစ်ဘက်နှင့် လုံခြုံရေး
သတင်းရပ်ကွက်များက ပြောကြားခဲ့သည်ဟု ဇန်န၀ါရီ ၂၄ ရက်တွင် ပရက်စ်တီဗွီသတင်း၌
ဖော်ပြသည်။ ပြင်သစ် တိုက်လေယာဉ်များသည် ဂါအိုမြို့ အရှေ့တောင်ဘက် မိုင် ၅၀
အကွာ အန်ဆွန်ဂိုမြို့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ မာလီ၌
ဆင်နွှဲနေသော ပြင်သစ်တပ်များအား အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ၊
ဂျာမနီနှင့် ဒိန်းမတ် နိုင်ငံတို့က ထောက်ခံထားသည်။ ပြင်သစ်တပ်များက
ဇန်န၀ါရီ ၁၁ ရက်မှစပြီး မာလီမြောက်ပိုင်းကို တိုက်ခိုက်ခဲ့သည်။
(ပရက်စ်တီဗွီ)
khitlunge
No comments:
Post a Comment