Sunday, January 27, 2013
ဂျပန်တွင် တရုတ်ရှေးဟောင်း ပစ္စည်းများ တွေ့ရှိ
ဂျပန်နိုင်ငံရှိ ရှေးဟောင်း သုတေသန ပညာရှင်များအဖွဲ့သည် ဂျပန်နိုင်ငံ နောက်ပိုင်း အိုကာယာမမြို့တွင် ဘီစီ ၄၅၇ ၂၂၁ ကာလက တိုက်ပွဲဝင် တရုတ်လူမျိုးများ အသုံပြုခဲ့သည်ဟု ယူဆရသော ကြေးဖြင့် ပြုလုပ်ထားသည့် မြားဦး အပိုင်းတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု သိရသည်။ တောင်ပံနှစ်ဖက်ပါ ပုံသဏ္ဌာန် အဆိုပါ မြားဦးပိုင်းအား အိုကာရာမ မြို့အတွင်း မီနာမီဂါတာ အရပ်ရှိ အဆောက်အအုံ အပျက်အစီးများ အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သုတေသန အဖွဲ့သည် ဧရိယာ စတုရန်းမီတာ ၂၅၀၀ အတွင်း ၂၀၁၂ ခုနှစ် ဧပြီလကတည်းက ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ အဆိုပါ ထူးခြားဆန်းကြယ်သော မြားဦးပိုင်း အပါအ၀င် ရှေးခေတ် လူ့အသုံးအဆောင် ပစ္စည်းများအဖြစ် မြေထည် အပိုင်းအစများ၊ စဥ့်အိုး၊ ခွက်၊ ပန်းကန်များကိုလည်း တွေ့ရှိခဲ့သည်။ ဤပစ္စည်းများသည် ဂျပန်မြေပေါ်တွင် ရှာဖွေတွေ့ရှိရသည့် ပစ္စည်းများ အနက် ရှေးတရုတ်လူမျိုးများ ပထမဆုံး စတင်ပြုလုပ်ခဲ့သော ပစ္စည်း အမျိုးအစားများ ဖြစ်နေသည်ဟု ဆိုသည်။ အဆိုပါမြို့သည် ဂျပန်နှင့် တရုတ်လူမျိုးတို့အကြား ရှေးယခင်ကတည်းက ကူးလူးဆက်ဆံမှုနှင့် အဆက်အသွယ် ရှိမှုတို့ကို ဖော်ပြပေးနိုင်သော အချက်အလက် အထောက်အထားများ ရှာဖွေရန် နယ်မြေအဖြစ် ထားရှိမည်ဖြစ်သည်။
(ဆင်ဟွာ)
khitlunge

No comments:
Post a Comment