Friday, January 11, 2013
ဘက်ဟမ်းကို ကာတာလိဂ် ကလပ်အသင်း တစ်ခုက မက်လုံးပေး ကမ်းလှမ်းထား
ဒေးဗစ်ဘက်ဟမ်းကို ခေါ်ယူရန် အရှေ့ အလယ်ပိုင်း ဒေသမှ ဓနအင်အား တောင့်တင်းသော ကလပ်တစ်ခုက ကမ်းလှမ်းထားကြောင်း သိရှိရသည်။
အမေရိကန် ကလပ် လော့စ်အန်ဂျလိစ် ဂလက်စီနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်သော အင်္ဂလန် လက်ရွေးစင် အသင်း ခေါင်းဆောင်ဟောင်းကို ကာတာစတားလိဂ် ပြိုင်ပွဲတွင် လာရောက် ကစားရန် (၂)နှစ် စာချုပ်ဖြင့် ဖိတ်ခေါ်ထားကြောင်း ရေနံဖြင့် ကြွယ်ဝ ချမ်းသာနေသည့် အဆိုပါ နိုင်ငံမှ ထိပ်တန်း သတင်းရင်းမြစ် တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ "ငွေကြေးချင်း ယှဉ်ပြီး ကမ်းလှမ်းမယ် ဆိုရင် ကာတာကပဲ အကြီးကျယ်ဆုံး ဖြစ်လိမ့်မယ်။ ဘက်ဟမ်းသာ ကာတာလိဂ်ကို ရောက်လာရင် ဒီနိုင်ငံရဲ့ ဘောလုံးပွဲတွေ အပေါ် ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားမှုလည်း မြင့်တက် လာမှာပါ" ဟု ယင်းပုဂ္ဂိုလ်က မှတ်ချက်ပြုခဲ့သည်။
အသက်(၃၇)နှစ်ရှိ ဘက်ဟမ်းကို မည်သည့် ကလပ် အသင်းက အလိုရှိသည် ဆိုခြင်းကိုမူ တိတိကျကျ မသိရချေ။ ကာတာသည် (၂၀၂၂)ခုနှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိထားသည်။ ဘက်ဟမ်းသည် အမေရိကန်တွင် (၅)နှစ်ကြာ ကစားပြီးနောက် လတ်တလောတွင် အင်္ဂလန်သို့ ပြန်ရောက်နေသည်။ ဘက်ဟမ်းသည် စနေနေ့က အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နှင့် ဝက်စ်ဟမ်းယူနိုက်တက်တို့ ကစားသည့် FAဖလား ပွဲစဉ်ကိုလည်း သွားရောက် ကြည့်ရှုခဲ့သေးသည်။
ဘက်ဟမ်းကို လတ်တလောတွင် လန်ဒန်ကလပ်များ ဖြစ်သော ဝက်စ်ဟမ်းနှင့် တန်းဆင်းဇုန်၌ ရုန်းကန်နေရသည့် QPRတို့က အပြိုင် ချိတ်ဆက်လျှက်ရှိသည်။
soccer myanmar

No comments:
Post a Comment