Friday, January 11, 2013

မြန်မာပြည်တွင် ဤတောင် မရှိပါ

ရှမ်းပြည်နယ် တစ်နေရာမှာ တွေ့ရတဲ့ သဘာဝအတိုင်း ကျောက်ဆောင် ဆိုပြီး ဒီရက်ပိုင်းပဲ Facebook စာမျက်နှာမှာ နည်းနည်းလေး နာမည်ကြီး သွားပါတယ်။ မနေနိုင်လို့ စစ်ဆေးကြည့်လိုက်တော့ မဟုတ်ကြောင်း သက်သေနဲ့ တကွ သိရပါတယ်။

အမှန် ယင်းဟာ ကလေးဖတ်တဲ့ ပုံပြင်စာအုပ်တစ်အုပ်ထဲက ပုံ ဖြစ်ပါ တယ်။ မြန်မာပြည်ကလည်း မဟုတ် ပါဘူး။ ကိုရီးယား ဘာသာစကား နဲ့ ရေးသားပြီး တောင်ကိုရီးယားမှာ ဖြန့်ချိတဲ့ စာအုပ် ဖြစ်ပါတယ်။ သို့ပေမယ့် အနောက်တိုင်းက မီဒီယာတွေက အစ amazing scene in burma ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံတွေကို ဇွတ်ရှဲ ပါတော့တယ်။

မြန်မာပြည်မှာ ဒီလို ထူးထူးဆန်းဆန်း ကျောက်တောင် ရှိပါတယ်။ ပုံမှန်ကြည့်ရင်မမြင်
ရပေ မယ့် ဘေးတိုက်ကြည့်ရင် ကလေးနဲ့ ကလေးအမေပုံ မြင်ရပါတယ်၊ သဘာဝကို ချစ်မြတ်နိုးပါ ဘာညာ ကိကွနဲ့ အင်္ဂလိပ်လို ရေးပါတယ်။ ဒါကို မြန်မာတွေက မြန်မာလိုပဲ ထပ် ဒီတိုင်းဘာသာပြန်ယူပြီး ရှမ်းပြည် ကပါလို့တောင် တပ်လိုက်တော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွား ရပါတယ်။

တကယ့်အပြင်မှာ ဒီလိုထူးဆန်းတာတွေ ရှိလည်းရှိနိုင်ပါတယ်။ သို့ပေမယ့် ပုံမှာ ပြထား
တဲ့ တောင် နဲ့ ရေ ကန်တော့မဟုတ်ပါ။ ကလေး ပုံပြင်စာအုပ် Children of the East River အမည်ရ စာအုပ် ဖြစ်ပြီး ပုံဒီဇိုင်း ကိုကျတော့ ဒီဇိုင်နာ Kim Jae-hong က ဖန်တီးထားတယ်လို့ ဆိုပါတယ်။ ကလေးငယ် Soon-Ee နဲ့ Dong-Ee ကလေးနှစ်ယောက် မြစ်ကမ်းမှာ အမေကို စောင့်မျော်နေတဲ့ စာအုပ်လို့ ဆိုပါတယ်။

International news for myanmar

No comments:

Post a Comment