Friday, January 11, 2013
ဘင်္ဂဘားဒေ့ရှ်နိုင်ငံတွင် အပူချိန်အနိမ့်ဆုံးသို့ စံချိန်တင်ရောက်
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လွတ်လပ်ရေး ရပြီးချိန် နောက်ပိုင်း အပူချိန် အနိမ့်ဆုံး အဆင့်သို့ စံချိန်တင် ရောက်ရှိသွားပြီး ဇန်န၀ါရီ ၁၀ ရက်က အအေးလှိုင်း ဖြတ်ခြင်းခံရ၍ လူ ၈၀ ခန့် သေဆုံးကြောင်း မိုးလေ၀သ ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ပြောကြားသည်။ နိုင်ငံမြောက်ပိုင်း ဆေရပူမြို့တွင် အပူချိန် ဆဲဆီးယပ်စ် သုံးဒီဂရီ စင်တီဂရိတ်အထိ အနိမ့်ဆုံးအဆင့်သို့ ကျရောက်သွားကြောင်း မိုးလေဝသဌာနက ပြောကြားသည်။ လူအများမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းမှုများ ခံစားရ၍ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေကြရကြောင်း လခြမ်းနီအဖွဲ့က ပြောကြားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံ၏ နယ်မြေ တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ခဲ့ချိန် ၁၉၆၈ ခုနှစ်က အပူချိန် ဆဲဆီးယပ်စ် သုံးဒီဂရီအထိ ကျခဲ့ဖူးကြောင်း မိုးလေဝသဌာန ဒုတိယ အကြီးအကဲက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။ အပူချိန် ကျဆင်းမှုဒဏ်ကို အဆိုးရွားဆုံး ခံရသူများမှာ ကျေးလက်ဒေသမှ အ၀တ်အထည်၊ ခြုံစောင်နှင့် အပူပေးကိရိယာ စသည့် လိုအပ်ချက်များနှင့် မပြည့်စုံသူများဖြစ်ကြကြောင်း၊ ယခုကဲ့သို့ အပူချိန် လွန်လွန်ကဲကဲ ကျဆင်းမှုအတွက် ကြိုတင်ပြင်ဆင်ထားမှုလည်း မရှိကြ၁၍ လုပ်ငန်းခွင်သို့ မ၀င်ရောက်နိုင်ကြကြောင်း အအေးနှင့် ဆက်နွှယ်၍ ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းမှုများဖြစ်သော ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်ကြောင်း လခြမ်းနီအဖွဲ့က ပြောကြားသည်။
khitlunge

No comments:
Post a Comment