Friday, January 11, 2013

ဖယ်လိုင်နီအတွက် စုံစမ်းမှုများ ပြုလုပ်နေသည့် ချယ်လ်ဆီး


ချယ်လ်ဆီး အသင်းသည် အဲဗာတန် ကွင်းလယ်လူ မော်ရိုဖယ်လိုင်နီအတွက်စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

အဲဗာတန် အသင်းသည် ဘယ်လ်ဂျီယံလက်ရွေးစင်ဖယ်လိုင်နီအတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၂၅)သန်းကျော် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းအတိုင်း ပေးချေ ကမ်းလှမ်းရန် ချယ်လ်ဆီးက စဉ်းစားနေသည်။ အသင်းမှ ထွက်ခွာရန် သေချာသလောက် ရှိနေသည့် ဝါရင့် ကစားသမားကြီး ဖရန့်ခ် လမ်းပတ် နေရာတွင် အသက်(၂၅)နှစ်အရွယ် ဖယ်လိုင်နီနှင့် ရေရှည် အစားထိုးသွားရန် ချယ်လ်ဆီးက မျှော်လင့်နေခြင်း ဖြစ်သည်။ ချယ်လ်ဆီးသည် အဲဗာတန်နှင့် တိတိကျကျ ညှိနှိုင်းမှု ပြုလုပ်ရန် ကြိုးစားနေပြီး ၎င်းတို့ ပေးချေနိုင်သည့် ဈေးနှုန်းမျိုး ဖြစ်နေပါက အလေးအနက် လှုပ်ရှားရန် စီစဉ်ထားသည်။
ချယ်လ်ဆီးသည် အဲဗာတန်ဘက်သို့ ကနဦး အဆိုပြုမှုတစ်ခု ပေးပို့ခဲ့သည်ဟု ယုံကြည်ရပြီး ပေါင်စတာလင် (၂၂)သန်းတန် ယင်းကမ်းလှမ်းမှုကို အဲဗာတန်က ပယ်ချခဲ့ကြောင်းလည်း အတွင်းသတင်းအချို့ ထွက်ပေါ်နေသည်။ ချယ်လ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် ကွင်းလယ်တိုက်စစ်တွင် ပိုင်နိုင်ကျွမ်းကျင်စွာ ကစားတတ်သည့် စွယ်စုံရ ကစားသမားကို အသင်းအတွက် ခေါ်ယူပေးရန် လိုလားနေသည်။ အာဆင်နယ် အသင်းသည်လည်း ဖယ်လိုင်နီကို ချိတ်ဆက်နေသည့်တိုင် ဈေးပြိုင်ပေးရမည့် အခြေအနေမျိုးတွင်မူ ဆက်နွယ်ပတ်သက်ဖွယ် မရှိဟုလည်း သိရှိရသည်။
Ref: Goal
soccer myanmar

No comments:

Post a Comment