Friday, January 11, 2013

ပြန်ပေးဆွဲခံရသည့် အီရန်နိုင်ငံသားများ ဆီးရီးယားစစ်သွေးကြွများ ပြန်လွှတ်ပေး


ဆီးရီးယား စစ်သွေးကြွများသည် ၂ဝ၁၂ ခုနှစ်က မြို့တော် ဒမတ်စကတ်အတွင်းမှ ပြန်ပေးဆွဲ ဖမ်းဆီးသွားသည့် အီရန်နိုင်ငံသား ၄၈ ဦးကို ဇန်နဝါရီ ၉ ရက်က ပြန်လွှတ် ပေးလိုက်ကြောင်း ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ၄င်းလက်နက်ကိုင် စစ်သွေးကြွများသည် ပြန်ပေးဆွဲထားသည့် အီရန်နိုင်ငံသားများကို ဆီးရီးယားအစိုးရက ဖမ်းဆီးထားသော အကျဉ်းသားများနှင့် ဖလှယ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါ လဲလှယ်မှုကို တူရကီနှင့် ကာတာတို့က ကြားဝင် ဖျန်ဖြေမှု သဘောတူညီချက် တစ်ရပ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း သဘောတူညီချက်အရ အီရန်နိုင်ငံသား ၄၈ ဦးကို လဲလှယ်ရာတွင် တူရကီနိုင်ငံသား အချို့ အပါအဝင် ဆီးရီးယားအစိုးရက ဖမ်းဆီးထားသော လက်နက်ကိုင် သူပုန် ၂၁၃ဝ ကိုလည်း လွှတ်ပေးရန် တောင်းဆိုထားကြောင်း တူရကီ အနာဒိုလူး သတင်းဌာနက ပြောကြားသည်။ ဆီးရီးယား စစ်သွေးကြွများသည် အီရန်နိုင်ငံသား စုစုပေါင်း ၄၈ ဦးကို ပြီးခဲ့သည့်နှစ် သြဂုတ်လက ဒမတ်စကက်မြို့၌ ပြန်ပြေးဆွဲ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
khitlunge

No comments:

Post a Comment