Thursday, January 17, 2013
ကိုလံဘီယာ ဖားစ်သူပုန်များ အပစ်အခတ်ရပ်စဲရေး ကြေညာ
ကိုလံဘီယာနိုင်ငံတွင် ကနဦး ငြိမ်းချမ်းရေး သဘောတူညီမှုအနေဖြင့် လက်နက်ကိုင် ပစ်ခတ်မှုများကို ဇန်နဝါရီ ၂ဝ ရက်အထိ ရပ်စဲထားမည်ဖြစ်ကြောင်း ဖားစ်သူပုန်များက ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် ပြုလုပ်သော ကိုလံဘီယာ အစိုးရနှင့် ဖားစ်သူပုန်တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ အဆိုပါ သဘောတူချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သူပုန်များဘက်က အပစ်အခတ် ရပ်စဲရေးကို အဆုံးသတ်နိုင်ရေး အလျင်အမြန် အကောင်အထည် ဖော်လျက်ရှိကြောင်း နှစ်ဖက် စလုံးကလည်း အရိပ်အမြွက် ထုတ်ဖော်ပြောကြားသည်။ ကိုလံဘီယာနိုင်ငံအတွင်း ဆယ်စုနှစ် ငါးစုခန့် ဖြစ်ပွားခဲ့သော လက်နက်ကိုင် တိုက်ခိုက်မှုများ ချုပ်ငြိမ်းစေရေး အတွက် နှစ်ဖက်အုပ်စုတို့က ကျူးဘားနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း သေဆုံးသူပေါင်း ၆ဝဝဝဝဝ ခန့်ရှိသည် ဟု ခန့်မှန်းထားသည်။ ကိုလံဘီယာနိုင်ငံတွင်း တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားနေမှုကြောင့် စေ့စပ်ညှိနှိုင်းမှုများ ကြန့်ကြာမည်ကို အချို့က စိုးရိမ်လျက်ရှိသည်။ သို့သော် သူပုန်အကြီးအကဲ ကိုယ်စားလှယ် အီဗန်မာကွတ်က အပစ်အခတ် ရပ်စဲရေးကို ဖေဖော်ဝါရီ ၂ ရက်အထိ ရက်တိုး သတ်မှတ်ထားကြောင်း အေပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
khitlunge

No comments:
Post a Comment