Thursday, January 17, 2013

လွှတ်တော် အားထိခိုက်စေသော အင်တာနက် ရေးသားမှု စုံစမ်းစစ်ဆေးမည် ဟု လွှတ်တော် ဆုံးဖြတ်

လွှတ်တော် ၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အင်တာနက် စာမျက်နှာ တွင်ရေးသားထားသော ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သတ် ၍ ပြည်ထောင်စု လွှတ်တော်တွင် အရေးကြီးအဆို အဖြစ် ကမာ ရွတ် မဲဆန္ဒ နယ်မှ ဒေါက်တာ စိုးရင်က တင်သွင်းခဲ့သည်။

အဆိုပါ အဆိုအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ပြီး ပြည်ထောင်စုလွှတ်တော်တွင် စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းကာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ကြောင်းသိရသည်။
Popular Myanmar News Journal

No comments:

Post a Comment