Saturday, January 26, 2013

ထိုင်းဘုရင်မင်းမြတ်အား အသရေဖျက်မှုဖြင့် မဂ္ဂဇင်းအယ်ဒီတာ တစ်ဦးကို ထောင်ဒဏ်ချမှတ်


ထိုင်းဘုရင်မင်းမြတ်အား အသရေဖျက်မှုအတွက် မဂ္ဂဇင်းအယ်ဒီတာ ဟောင်းတစ်ဦးကို ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် ဇန်နဝါရီ ၂၃ ရက်တွင် စီရင်ချက် ချမှတ်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ ဆွမ်ယော့ပရက်ဆာခါဆမ်ဆွတ်သည် ဗွိုက်စ်အော့ဖ်သက်ဆင် အမည်ရှိ မဂ္ဂဇင်းတွင် ထိုင်းဘုရင်မင်းမြတ်အား ဝေဖန်သည့် ဆောင်းပါးနှစ်ပုဒ်ကို ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ၂ဝ၁၁ ခုနှစ် ဧပြီလတွင် စွဲချက်တင် ခံခဲ့ရသည်။ အဆိုပါ မဂ္ဂဇင်းကို ယခုအခါ ပိတ်ထားလိုက်ပြီဖြစ်သည်။ ထိုင်းဘုရင်မင်းမြတ်အား မိမိကိုယ်တိုင်က ဝေဖန်ရေးသားခဲ့သည် မဟုတ်ဘဲ တည်းဖြတ်ခြင်းသာ ပြုလုပ်ခဲ့သဖြင့် မိမိတွင် အပြစ်မရှိကြောင်း ဆွမ်ယော့က ထုချေခဲ့သည်။ ယင်းဆောင်းပါး ရေးသားသူကိုမူ စွဲချက်တင်ခဲ့ခြင်း မရှိပေ။ ထိုင်းဘုရင်ကိုယ်တိုင်က ၄င်းအား ဝေဖန်ရေးသားခြင်းကို ကန့်ကွက်မည် မဟုတ်ဟု ယခင်က ပြောဆိုခဲ့သည်ဟုလည်း ဆွမ်ယော့က ထုချေခဲ့သည်။ ထိုင်းနိုင်ငံ၏ ဥပဒေအရ ဘုရင်စနစ်ကို ဝေဖန်ခွင့် မရှိပေ။ အဆိုပါ ဥပဒေအား ပြင်ဆင်ရန် ဆွမ်ယော့က လူ ၁ဝဝဝဝ ၏ ထောက်ခံလက်မှတ်များကို စုဆောင်းခဲ့ပြီးနောက် ၄င်းမှာ အဖမ်းခံခဲ့ရသည်။ (ရိုက်တာ)
khitlunge

No comments:

Post a Comment