Saturday, January 26, 2013

ဇာဟာကို မကြာမီ မန်ယူ စာချုပ်နိုင်ရန် အလွန်နီးစပ်နေ


မကြာမီ အချိန်အတွင်း မန်ချက်စတာ ယူနိုက်တက် အနေဖြင့် ဝီလ်ဖရိုက်ဒ် ဇာဟာကို အပြီးသတ် စာချုပ် ခေါ်ယူနိုင်ရန် သေချာနေပြီဟု သတင်းများက ဖော်ပြခဲ့သည်။

အင်္ဂလန် လက်ရွေးစင် ကစားသမား ဘဝကို ပွဲဦးထွက် ခံယူပြီးဖြစ်သော တောင်ပံ တိုက်စစ် ကစားသမားလေးအတွက် ပေါင်စတာလင် (၁၅)သန်းတန် အပြောင်းအရွှေ့ သဘောတူညီချက်ကို မန်ယူနှင့် မိခင်ကလပ် ခရစ္စတယ်လ် ပဲလေ့စ်တို့အကြား တည်ဆောက်ထားပြီး ဖြစ်ကြောင်း သတင်းများက ဆိုသည်။ ဇာဟာသည် မန်ယူတွင် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၃၀၀၀၀)နှင့် (၅)နှစ်ခွဲ သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးဖွယ် ရှိနေသည်။ ဇာဟာ၏ ဆရာဟောင်း အေရွန်စမစ်သ်က ဇာဟာ၏ တက်လှမ်းမှုကို မိမိအနေဖြင့် မအံ့ဩကြောင်း သုံးသပ်ခဲ့သည်။
"ဇာဟာကို White Horse Manor ကလေးထိန်း ကျောင်းလေးမှာ စတွေ့ကတည်းက သူ့ကို ကျွန်တော် နည်းပြအဖြစ် တာဝန်ယူဖူးတယ်။  အဲဒီကတည်းက သူနဲ့ ပတ်သက်ပြီး ထူးခြားတာတွေကို သတိထားခဲ့မိတာပါ။ ဇာဟာက သင်ယူဖို့ စိတ်အားထက်သန်တယ်။ ပင်ကိုယ် ညာဉ်ကိုက ပြိုင်ဘက်ကို လှည့်စားရတာ ဝါသနာပါတယ်။ ပြီးတော့ ခြေနှစ်ချောင်းလုံး ကောင်းကောင်း ကစားနိုင်တယ်။ သူ့ဟန်က ပျော့ပြောင်းပြီး ထိန်းချုပ်ဖို့ ခက်တယ်။ တကယ်တော့ ဇာဟာက ပင်ကိုယ် ပါရမီကိုက လက်ဆောင်မွန်ကောင်း တစ်ခုလို ပိုင်ဆိုင်ခွင့် ရထားသူ ဖြစ်ပါတယ်"ဟု စမစ်သ်က မှတ်ချက်ပြုခဲ့သည်။

မန်ယူသည် ဇာဟာကို ခေါ်ယူရန် ကာလအတန်ကြာ ဆွေးနွေးခဲ့ပြီးနောက် ပြောင်းရွှေ့ကြေး ကိစ္စကို သဘောတူညီမှု ရရှိခဲ့သည်။ ထို့နောက် ကစားသမားနှင့် ၎င်း၏ အေးဂျင့်သည် ယမန်နေ့ညက မန်ချက်စတာမြို့သို့ ရောက်ရှိလာပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူများနှင့် ဆွေးနွေးမည် ဖြစ်သည်။ စမစ်သ်ကမူ "တကယ်တော့ ဇာဟာက ပင်ကိုယ် ပါရမီ ပြည့်ဝပြီးသားပါ။ ဒါပေမဲ့ ဆာအဲလက်စ် ဖာဂူဆန် လက်အောက်မှာတော့ အပြီးပြည့်စုံဆုံး အင်္ဂလိပ် ပါရမီရှင် ကစားသမားလေး ဖြစ်လာနိုင်ပါတယ်"ဟုလည်း ပြောကြားသွားသည်။
Ref: The Sun
soccer myanmar

No comments:

Post a Comment